DVB Logo
Home
မြန်မာသတင်း
အင်းလျားကန်ပေါင်တွင် အပူဒဏ်ရှောင် လာရောက်အပန်းဖြေသူများပြား
DVB
·
May 9, 2023
အင်းလျားကန်ပေါင်တွင် အပူဒဏ်ရှောင် လာရောက်အပန်းဖြေသူများပြား
1 / 2
Donate to DVB

ရန်ကုန်မြို့ရှိ အင်းလျားကန်ပေါင်မှာ နေ့စဉ် အပူရှောင်သူတွေနဲ့ စည်ကားနေပြီး ကားပါကင်မရသလောက် ဖြစ်တဲ့အထိလည်း လာရောက်သူတွေ များပြားနေပါတယ်။

ရန်ကုန်မြို့နေ ပြည်သူတွေဟာ အပူဒဏ်ကြောင့် နေ့စဉ် ညနေ ၅ နာရီနောက်ပိုင်းကစတင်ကာ အင်လျားကန်ပေါင်မှာ သွားရောက်အပန်းဖြေပြီး အပူဒဏ်သက်သာဖို့ လုပ်ဆောင်နေကြတဲ့အတွက် ဈေးရောင်းချသူတွေအတွက်လည်း အဆင်ပြေနေတယ်လို့ သွားရောက်ခဲ့သူတဦးက ပြောပါတယ်။

အင်းလျားကန်အနီးမှာ စားသောက်ဆိုင်ဖွင့်ထားသူတဦးက “ညနေပိုင်းဆိုတာနဲ့ ကားပါကင်မှာ ပြည့်နေပြီ။ အရင်က အဲ့ဒီလောက်မများဘူး။ အခုနှစ်နွေမှာ လာတဲ့သူက တနေ့ကို ၄၀၀၊ ၅၀၀ ဝန်းကျင်ရှိတယ်။ အဲ့ဒါ တရက်တည်းမဟုတ်ဘူး၊ နေ့တိုင်းပဲ” လို့ ပြောပါတယ်။

အင်းလျားကန်ပေါင်ကို သွားရောက်သူတွေဟာ ည ၈ နာရီအထိသာ နေထိုင်ခွင့်ရပြီး ည ၈ နာရီထိုးပါက ကန်ပေါင်လုံခြုံရေးယူထားသူတွေက လာရောက်နှင်ထုတ်လေ့ရှိတယ်လို့လည်း သွားရောက်ခဲ့သူတဦးက ပြောပါတယ်။

အာဏာမသိမ်းခင်က အင်းလျားကန်ပေါင်မှာ နာမည်ကြီးအဆိုတော်တွေက ပြည်သူတွေကို လာရောက်ဖျော်ဖြေခဲ့ကြသလို ကုမ္ပဏီတွေရဲ့ ပျော်ပွဲရွှင်ပွဲတွေ လာရောက်လုပ်ကိုင်ခဲ့ကြပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း အဲ့ဒီအလေ့အထတွေ မရှိတော့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013