DVB Logo
Home
မြန်မာသတင်း
ဇာတ်ပို့သရုပ်ဆောင် ဦးအောင်သာ အကယ်ဒမီပွဲအပြန် ကားပေါ်၌ သတိလစ်သေဆုံး
DVB
·
May 7, 2023
ဇာတ်ပို့သရုပ်ဆောင် ဦးအောင်သာ အကယ်ဒမီပွဲအပြန် ကားပေါ်၌ သတိလစ်သေဆုံး
Donate to DVB

ရန်ကုန်- မန္တလေးအမြန်လမ်းမှာ နေပြည်တော်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ မန္တလာမင်း Express ကားပေါ်မှာ မေ ၇ ရက် မနက်ပိုင်းက ဇာတ်ပို့သရုပ်ဆောင်တဦး သတိလစ်မေ့မြောကာ သေဆုံးသွားတယ်လို့ သိရပါတယ်။

အဲဒီကားဟာ မေ ၆ ရက်ညက ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအခမ်းအနား တက်ရောက်တဲ့ ရုပ်ရှင်သရုပ်ဆောင်တွေကို  အကြိုအပို့ လုပ်ဆောင်ပေးတဲ့ ကားဖြစ်ပါတယ်။

အကယ်ဒမီပေးပွဲအခမ်းအနားက ည ၁၂ နာရီခွဲခန့်မှ ပြီးဆုံးတာဖြစ်ပြီး မာရှယ်လောဥပဒေအရ မနက်မှ ရန်ကုန်ကို မောင်းနှင်လာတာလို့ သိရပါတယ်။

သေဆုံးသူဟာ ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ အသက် ၇၄ နှစ်အရွယ်ရှိ ဇာတ်ပို့သရုပ်ဆောင် ‌ဦးအောင်သာလို့ သိရပြီး နေပြည်တော်က အပြန်လမ်း မနက် ၈ နာရီ မိနစ် ၂၀ ခန့်မှာ သေဆုံးသွားတာပါ။ 

ရုပ်ရှင်သရုပ်ဆောင်တဦးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာတော့ "ဆုံးသွားပြီ၊ ၈ နာရီ ၂၀ လောက်က၊ သရုပ်ဆောင် ဦးအောင်သာ ရွှေပြည်သာကတဲ့၊ ကျမတို့ စီးလာတဲ့ ကားထဲကပါ။ သူ့မိသားစုတွေ ဘယ်ကလည်း သိကြပါလား။ ရုတ်တရုက် မေ့လဲ၊ မနေ့ညက ဝမ်းသွားထားတယ်တဲ့၊ မနက်ကြတော့ အစာမရှိ၊ အကယ်ဒမီပေးပွဲပြီးအပြန် ကားထဲမှာ ဆုံးတာပါ၊ ကောင်းရာသုဂတိ လားပါစေ" လို့ ရေးသားထားတာကို တွေ့ရပါတယ်။

သေဆုံးသူ ရုပ်အလောင်းကို မြို့ခံလူမှုကူညီရေးအသင်းကားတစီးနဲ့ ရန်ကုန်ကို ပြန်လည် ပို့ဆောင်ပေးထားတယ်လို့ သိရပြီး သရုပ်ဆောင်တွေ ပါတဲ့ Express ကားကတော့ ရန်ကုန်ကို ဆက်လက်ထွက်ခွာလာတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013