DVB Logo
Home
မြန်မာသတင်း
စဉ့်ကိုင်တွင် လူသတ်ပြီး မီးရှို့အလောင်းဖျောက်သည့် တရားခံ ၂ ဦးအား ဖမ်းဆီး
DVB
·
May 5, 2023
စဉ့်ကိုင်တွင် လူသတ်ပြီး မီးရှို့အလောင်းဖျောက်သည့် တရားခံ ၂ ဦးအား ဖမ်းဆီး
Donate to DVB

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ စိုက်ပျိုးရေးရွာ၊ ပဲစိုက်ခင်းအနီးရှိ သစ်ပင်အောက်မှာ မေ ၄ ရက် မနက်က နစ်ဆန် Wingroad ကားတစီး မီးလောင်ပျက်စီးနေပြီး ကားနောက်ဖုံးခန်း အတွင်းမှာ လူတဦးပါ မီးလောင်သေဆုံးနေတယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

မီးလောင်‌ထားတဲ့ကားကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စစ်ဆေးကြည့်ရာ ကားပိုင်ရှင်ဟာ Family ကမ်းခြေစားသောက်ဆိုင်ပိုင်ရှင် အသက် ၃၆ ရှိ အမျိုးသားတဦးလို့ သိရပါတယ်။

အဲ့ဒီနေ့ခင်းမှာပဲ သေဆုံးသူ အမျိုးသားရဲ့ ဇနီးနေထိုင်ရာ စဉ့်ကိုင်မြို့၊ ရန်အောင်မြင် ရပ်ကွက်ကို သွားရောက်စစ်ဆေးခဲ့ကြပါတယ်။

သံသယရှိသူအဖြစ် သေဆုံးသူရဲ့ ဇနီးဖြစ်သူ ဝင်းသစ္စာကားဂိတ်ပိုင်ရှင် အသက် ၃၆ နှစ်အရွယ် အမျိုးသမီးနဲ့ Family ဆိုင်ဝန်ထမ်း အသက် ၂၀ အရွယ် အမျိုးသားတို့ကို စဉ့်ကိုင်နယ်မြေရဲစခန်းမှာ စစ်ဆေးခဲ့တာပါ။

မြို့ခံကယ်ဆယ်ရေးအသင်း ယာဉ်မောင်းက “အသင်းကို စခန်းက ဖုန်းဆက်လို့ သွားတာပါ။ နောက်ဖုံးထဲ မီးကျွမ်းထားတဲ့ DB တခုတွေ့တယ်။ ကျန်တာတော့ ဘာဖြစ်ထားလဲ မသိရပါဘူး။ စဉ့်ကိုင်ဆေးရုံပဲ ပို့ပေးထားတာပါ” လို့ ပြောပါတယ်။

ဇနီးဖြစ်သူရဲ့ ထွက်ဆိုချက်အရ မေလ ၃ ရက် နေ့ခင်း ၁ နာရီခွဲလောက်မှာ သေဆုံးသူက စဉ့်ကိုင်မြို့နေအိမ်ကို ကားမောင်းကာ ရောက်ရှိလာပြီး အမျိုးသမီးဖြစ်သူနဲ့ အချေအတင် စကားများနေချိန် အဆိုပါနေအိမ် အိပ်ခန်းအတွင်းက Family ဆိုင်ဝန်ထမ်းဖြစ်သူက ဓားကိုင်ထွက်လာပြီး Family ဆိုင်ရှင် အမျိုးသားကို ဝဲဘက်လည်ပင်း ၂ ချက်၊ ရင်ခေါင်းအနား ၁ ချက် ထိုးသွင်းခဲ့တာကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Family ကမ်းခြေစားသောက်ဆိုင်နဲ့ နီးစပ်သူတဦးက “လင်မယားအချင်းချင်း စကားများကြရင်း တဖက်က ဓားနဲ့ပါထိုးလိုက်တာလို့ ကနဦး သိထားရတယ်။ အိမ်ထောင်ရေးကိစ္စလည်း ပါတယ်။ ဓားနဲ့ထိုးလိုက်တဲ့ တယောက်ကလည်း ဆိုင်က ဝန်ထမ်းပါပဲ။ ကျန်တဲ့အပိုင်းက ရဲက ဆက်လုပ်နေပါတယ်” လို့ ပြောပါတယ်။

ညနေ ၅ နာရီလောက်မှာ သေဆုံးသူ ရုပ်အလောင်းကို စီးလာတဲ့ကားရဲ့ နောက်ခန်းအဖုံးမှာ ထည့်ပြီး သေဆုံးသူရဲ့ ဇနီးဖြစ်သူ ကိုယ်တိုင်မောင်းကာ ဆိုင်ဝန်ထမ်းအမျိုးသားက ဆိုင်ကယ်စီးလိုက်လာပြီး လူပြတ်တဲ့ စိုက်ပျိုးရေးရွာ ပဲစိုက်ခင်းနားအရောက်မှာ ကားကို ရပ်နားထားကာ မေလ ၄ ရက် မနက်အစောပိုင်းက အလောင်းနဲ့ ကားကိုပါ မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

လူသတ်အလောင်းဖျောက်သူ ၂ ဦးစလုံးကို ဆက်လက်စစ်ဆေး‌နေပြီး ပြစ်မှုဆိုင်ရာ ဥပဒေအရ အမှုဖွင့်ဖို့ စဉ့်ကိုင်နယ်မြေရဲစခန်းက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ( MDY Image )

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013