DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်က ထိုင်းနိုင်ငံထုတ်ဗုံးဖြင့် လေကြောင်းတိုက်ခိုက်
DVB
·
April 29, 2023
ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်က ထိုင်းနိုင်ငံထုတ်ဗုံးဖြင့် လေကြောင်းတိုက်ခိုက်
Donate to DVB

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မဲကနယ်ကျေးရွာနားမှာရှိတဲ့ ကျောက်တောင်ဒေသဘက်ကို မြဝတီမြို့အခြေစိုက် ၂၇၅ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ အတွဲလိုက် ပစ်ခတ်ခဲ့တယ်လို့ မြဝတီမြို့ဒေသခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီဘက်ကနေ လေကြောင်းကနေကြဲချတဲ့ ဗုံးသီးတွေက ထိုင်းနိုင်ငံထုတ် တံဆိပ်တွေတွေ့ရတယ်လို့ ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ထုတ်ဖော်ပြောဆိုထားပါသေးတယ်။

မြဝတီမြို့အခြေစိုက် ၂၇၅ တပ်ရင်းထဲကနေလည်း ဧပြီ ၂၈ ရက် ည ၁ဝ နာရီလောက်ကစတင်ပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပျက်စီးမှုတွေအများအပြားရှိနိုင်ကြောင်း မြဝတီမြို့အမည်မဖော်လိုသူဒေသခံတဦးက ပြောပါတယ်။

"ည ၁ဝ နာရီကျော်လောက်ကတည်းက စပစ်တာခင်ဗျ။ တခါပစ်ရင် ၄ လုံးဆက်တိုက်၊ ထုံးစံအတိုင်း ၂၇၅ က ပစ်တာပါ။ အသံတွေက အတော်ကျယ်တယ်၊ ည ၁ နာရီကျော်၊ ၂ နာရီလောက်အထိ ဆက်တိုက်ပစ်နေတာ။ အဲ့နားမှာက စစ်ရှောင်တော့ သိပ်မရှိဘူး၊ လူနေအိမ်ခြေနည်းနည်းတော့ရှိတယ်၊ အခုလောက်ဆိုကုန်ရောပေါ့။"

လက်ရှိမှာတော့ မဲကနယ်ကျေးရွာထဲကနေ ကျောက်တောင်ဒေသဘက်ကို စစ်ကြောင်းထိုးဖို့ အကြိမ်ကြိမ်ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းနဲ့ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေပါတယ်။ 

လက်ရှိအခြေအနေကိုတော့ မြေပြင်တော်လှန်ရေးအဖွဲ့တွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အင်တာနက်အခက်အခဲ၊ စစ်ရေးအ​ခြေအနေကြောင့် ပြန်လည်ဖြေကြားခြင်းမရှိသေးတဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေကို ဒီဗွီဘီအနေနဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013