DVB Logo
Home
မြန်မာသတင်း
ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုအတွက် စစ်ခေါင်းဆောင်အပါအဝင် ၈ ဦးကိုအကြမ်းဖက်မှုဖြင့် အမှုဖွင့်၊ သတင်းပေး ၄ ဦးကိုဖမ်းမိ
DVB
·
April 29, 2023
ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုအတွက် စစ်ခေါင်းဆောင်အပါအဝင် ၈ ဦးကိုအကြမ်းဖက်မှုဖြင့် အမှုဖွင့်၊ သတင်းပေး ၄ ဦးကိုဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို လေကြောင်းတိုက်ခိုက်မှုအတွက် တာဝန်အရှိဆုံး  အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ၈ ယောက်ကို အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ထားပြီး သတင်းပေးခဲ့သူတွေထဲက ၄ ယောက်ကိုလည်း ဖမ်းဆီးရမိထားပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တရားခံတွေကို ဖမ်းဆီးအပြစ်ပေးနိုင်ရေးချက်ချင်း ဆောင်ရွက်ခဲ့ပြီး ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်က ပြည်သူ့ရဲတပ်ဖွဲ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ လေကြောင်းတိုက်ခိုက်နိုင်ဖို့ သတင်းပေးပို့ခဲ့သူ တရားခံတွေဖြစ်တဲ့ အသက် ၅၃ နှစ်အရွယ် သိန်းရွှေ၊ အသက် ၆၁ နှစ်အရွယ် ဦးချို၊ အသက် ၃၆ နှစ်အရွယ် ဇော်မင်းနဲ့ အသက် ၃၀ အရွယ် ယဉ်ယဉ်ဝင်း တို့ကို ဖမ်းဆီးရမိခဲ့တာလို့ ဒီနေ့ ထုတ်ပြန်လိုက်တာပါ။

သူတို့ကို ကန့်ဘလူမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှာ အမှုအမှတ် ၁/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ နဲ့ အမှုဖွင့်လှစ်ထားရှိပြီး အမှုကို ခိုင်ခိုင်မာမာဆောက်တည် တရားစွဲတင်နိုင်ရေးအတွက် ပြည်သူ့ရဲတပ်ဖွဲ့က ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

တရားခံကို စစ်ဆေးပေါ်ပေါက်ချက်အရ အကြမ်းဖက် ပျူခေါင်းဆောင်ဥူးဝါသဝနဲ့ စစ်တပ်သတင်းပေးဖြစ်သူ ဒေါ်နွဲ့ယဉ်တို့ကိုလည်း ကန့်ဘလူမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ စခန်းမှာ အမှုအမှတ် ၃/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ နဲ့ အမှုဖွင့်ထားတယ်လို့ဆိုပါတယ်။

ပြီးတော့ အာဏာသိမ်းအကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် တရားခံ ၆ ယောက်ကိုလည်း ကန့်ဘလူမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှာ အမှုအမှတ် ၂/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ နဲ့ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးက တရားလိုလုပ် အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

ဧပြီ ၁၁ ရက်နေ့ မနက်ပိုင်းက ပဇီကြီးကျေးရွာမှာ စစ်တပ်က Yark-130 တိုက်လေယာဉ်၊ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၈၀ ကျော် သေဆုံးပြီး အယောက် ၃၀ လောက် ဒဏ်ရာရခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013