DVB Logo
Home
မြန်မာသတင်း
ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံထားရသည့် ဗကသကျောင်းသား ၁ ဦးကို စစ်ခုံရုံးက သေဒဏ်ထပ်တိုးချမှတ်
DVB
·
April 29, 2023
ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံထားရသည့် ဗကသကျောင်းသား ၁ ဦးကို စစ်ခုံရုံးက သေဒဏ်ထပ်တိုးချမှတ်
Donate to DVB

ဗကသများအဖွဲ့ချုပ် မြေပြင်လှုပ်ရှားမှုရေးရာ တာဝန်ခံတယောက်ဖြစ်တဲ့ ကိုကောင်းဆက်ပိုင်ကို စစ်ခံရုံးက ထောင်ဒဏ်တသက် တကျွန်းချမှတ်ထားရာကနေ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်မှာ သေဒဏ်အမိန့် ထပ်တိုးချမှတ်လိုက်ပါတယ်။

မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ မြေပြင်လှုပ်ရှားမှုရေးရာ တာဝန်ခံ ကိုကောင်းဆက်ပိုင်ကို စစ်ကောင်စီက မတရားစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့နဲ့ပြီးခဲ့တဲ့ မတ် ၂၂ ရက်မှာ ထောင်ဒဏ်တသက်တကျွန်း ချလိုက်တာလို့ ဗကသများအဖွဲ့ချုပ်၊ သတင်းနဲ့ ပြန်ကြားရေးဗျူရိုက ထုတ်ပြန်ခဲ့တာပါ။

အသက် ၂၀ အရွယ် ဗကသရဲဘော် ကိုကောင်းဆက်ပိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ စစ်တပ်ရဲ့ အကြမ်းဖက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်ကလည်း အထက ၁၊ မြောက်ဥက္ကလာပ ကျောင်း သားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ကိုဟိန်းထက် (ခ) ကိုပိုပို ကို စစ်ခုံရုံးက ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့ပြီး မတ် ၃၀ ရက်ကလည်း အထက (၂) မ ရမ်းကုန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ အသက် ၁၈ နှစ် အရွယ် မဆုသွန်းပိုင်ကို  ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခဲ့ပါသေးတယ်။

ကိုကောင်းဆက်ပိုင်ကို သေဒဏ်အမိန့် ချမှတ်တာနဲ့ ဗကသရဲဘော်တွေကို မတရားပုဒ်မတွေတပ်ကာ ဖမ်းဆီးထောင်ချတာတွေ အပါအဝင် ပြည်သူလူထုကို တရားမဲ့သတ်ဖြတ်မှုတွေ၊ မတရား ဖမ်းဆီးထောင်ချမှုတွေ၊ ပြည်သူလူထုရဲ့ အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးသိမ်းပိုက်တာတွေ အားလုံးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်း ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဗကသရဲဘော်တွေ အပါအဝင် ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့/ကျူးလွန်ဆဲ မတရားမှုတွေ၊ စစ်ရာဇဝတ်မှုတွေကို စစ်အုပ်စုအနေနဲ့ ကျူးလွန်သမျှ ဖိနှိပ်မှုတိုင်းအတွက် မုချတာဝန်ခံရမှာဖြစ်ပြီး အဆိုပါလုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့လည်း ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းကနေ  ဧပြီ ၂၈ ရက်အထိ အကျဉ်းထောင်တွေမှာ ၁၇,၇၂၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၅,၇၂၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ  ၁၁၁ ယောက်နဲ့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်  စုစုပေါင်း ၁၅၃ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013