DVB Logo
Home
မြန်မာသတင်း
မင်းတပ်မြို့နယ်၌ ၂ နှစ်အတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅၄ ဦးနှင့် CDF ၅၅ ဦး ကျဆုံး
DVB
·
April 25, 2023
မင်းတပ်မြို့နယ်၌ ၂ နှစ်အတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅၄ ဦးနှင့် CDF ၅၅ ဦး ကျဆုံး
Donate to DVB

စစ်အာဏာရှင်တော်လှန်ရေးကာလ ၂ နှစ်အတွင်းမှာ ချင်းကာကွယ်ရေးတပ် CDF-မင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ အကြိမ်ရေ ၂၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်က ၄၅၄ ယောက်နဲ့  CDF ရဲဘော် ၅၅ ယောက် ကျဆုံးခဲ့တယ်လို့ ဧပြီ ၂၄ ရက် CDF-မင်းတပ်ရဲ့တော်လှန်ရေး ၂ နှစ်ပြည့်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

CDF-မင်းတပ်အနေနဲ့ စစ်အာဏာရှင် အမြစ်ပြတ်ပျက်သုဥ်းရေးအတွက် ၂၀၂၁ နှစ် ဖေဖော်ဝါရီ ၄ ရက် ညက စတင်ပြီး လမ်းမပေါ်တွေမှာ Spray Campaign ပြုလုပ်ကာ ဖေဖော်ဝါရီ ၈ ရက် မှာ ငြိမ်းချမ်းစွာဆန္ဒဖော်ပြခဲ့ကြတာဖြစ်ပါတယ်။

မင်းတပ်မြို့ ဗိုလ်ချုပ်ရေးရုပ်အရှေ့မှာ ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်က "NUG"စာတန်း ရေးသားကာ လူမဲ့သပိတ်လုပ်ဖို့ စာရေးနေသူ ၇ ယောက်ကို ဖမ်းဆီးခဲ့တာကြောင့် ရရာလက်နက် စွဲကိုင်တော်လှန်ခဲ့တာ  အခုဧပြီ ၂၄ ရက်ဆိုရင် ၂ နှစ်ပြည့်ခဲ့ပြီလို့ ဆိုပါတယ်။

ဆန္ဒပြသူတွေကို စစ်ကောင်စီဘက်က အကြမ်းဖက် ဖြိုခွင်း၊ ဖမ်းဆီးတာတွေ လုပ်လာမယ်ဆိုရင် ချင်းရိုးရာ ဓလေ့ထုံးစံနဲ့ ပြန်လည်ခုခံ လက်တုံ့ပြန်သွားမယ်လို့ သပိတ်မိန့်ခွန်းတွေမှာ အကြိမ်ကြိမ် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

CDF-မင်းတပ်အနေနဲ့ တော်လှန်ရေးမဟာမိတ်အင်အားစုတွေနဲ့ လက်တွဲပူးပေါင်းကာ  ခုခံ တော်လှန် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ CDF-မင်းတပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဟာအွမ်ကို ဆက်သွယ်ခဲ့ပေမယ့် လေကြောင်းရန်အန္တရာယ်ရှိနေဆက်သွယ်လို့ မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013