DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်စခန်း ၂ ခုကို KNLA တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ ဒုတပ်ရင်းမှူးအပါ ၁၆ ဦးသေဆုံး
DVB
·
April 23, 2023
စစ်ကောင်စီတပ်စခန်း ၂ ခုကို KNLA တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ ဒုတပ်ရင်းမှူးအပါ ၁၆ ဦးသေဆုံး
Donate to DVB

ကေအန်ယူနယ်မြေမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်း ၂  ခုကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA)က ဧပြီ ၂၂ ရက်မှာတိုက်ခိုက်သိမ်းပိုက် ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးအပါအဝင် ၁၆ ဦးသေဆုံး၊ ၁၇ ဦး ဒဏ်ရာရတယ်လို့ ကေအန်ယူက  ဒီကနေ့ ထုတ်ပြန်ပါတယ်။

KNLA  တပ်မဟာ (၃) တပ်ပေါင်းစုတပ်ဖွဲ့တွေဟာ စစ်ကောင်စီရဲ့ တပ်စခန်း‌ ၄ ခုဖြစ်တဲ့ ကေအန်ယူ-မူးမြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်း၊ ကေအန်ယူ-လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်းနဲ့  ကျွန်းကုန်းစခန်းတို့ကို မနေ့မနက် ၄ နာရီခွဲကနေ ၅ နာရီခွဲအတွင်းမှာ  တပြိုက်နက် တိုက်ခိုက်ခဲ့တာပါ။

ညောင်ကုန်းစခန်းနဲ့ ကျွန်းကုန်းစခန်းကို တိုက်ခိုက်ချေမှုန်းဖျက်ဆီးနိုင်ပြီး လက်နက်တွေ သိမ်းဆည်းရမိခဲ့ပေမဲ့ နောင်ကုန်းစခန်းနဲ့ ရန်မျိုးအောင်စခန်းတွေမှာတော့ စစ်ကောင်စီတပ်တွေက စခန်းတွင်မနေပဲ အပြင်ဘက်သို့ ပုန်းရှောင်နေလို့ တိုက်ခိုက်ခဲ့ရတာမရှိဘူးလို့ဆိုပါတယ်။ 

တိုက်ခိုက်အပြီးမှာ စစ်ကောင်စီတပ်က လယ်ဒိုမြို့နယ်ရှိ ညောင်တန်း၊ ညောင်ကုန်းနဲ့ နရွဲပင်ကျေးရွာ ကြားမှာ ရဟတ်ယာဉ် ၂ စီး၊ ဂျက်တိုက်ယာဉ် ၁ စီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံရွာသားတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့  ကေအန်ယူက ထုတ်ပြန်ပါတယ်။

ဒီတိုက်ပွဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၃ တပ်ပေါင်းစုဘက်ကလည်း ၁ ဦး ကျဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ 

ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်လေ့မရှိပါဘူး။

ကရင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ၊PDF ပူးပေါင်းတပ်ဖွဲ့တွေ နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013