DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုညွှန်ကြားရေးမှူး လုပ်ကြံခံရ
DVB
·
April 22, 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုညွှန်ကြားရေးမှူး လုပ်ကြံခံရ
Donate to DVB

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) စိုင်းကျော်သူကို PDF အဖွဲ့က ဧပြီ ၂၂ ရက် နေ့လယ်ပိုင်းမှာ လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ မွန်းလွဲ ၂ နာရီကျော်လောက်မှာ ဦးစိုင်းကျော်သူဟာ သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ စစ်ကောင်စီက အတည်ပြုထားသလို  ဦးစိုင်းကျော်သူကို For The Yangon မြို့ပြပြောက်ကျား တပ်ဖွဲ့က သုတ်သင်ရှင်းလင်းလိုက်တာလို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာထား တာပါ။

ဒုညွန့်ကြားရေးမှူးချုပ်ဒုဗိုလ်မှူးကြီး(ငြိမ်း) စိုင်းကျော်သူဟာ သင်္ကန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်း မပေါ်က အောင်ရတနာအထူးကု ဆေးရုံးအနီးမှာ ဇနီးဖြစ်သူ ဆရာဝန်ကို ပို့ပြီး အပြန်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာလို့ စစ်ကောင်စီရဲ့ အသိုက်အဝန်းက သိရပါတယ်။

ဒုဗိုလ်မှူးကြီး(ငြိမ်း) စိုင်းကျော်သူကို ရွေးကောက်ပွဲကော်မရှင်က အသုံးပြုဖို့ ပေးထားတဲ့ ကားကို မောင်းနှင်လာချိန် ကားအတွင်းကို သေနတ် အတိုတွေနဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး နေရာမှာ သေဆုံးခဲ့တာလို့ For the Yangon မြို့ပြပျောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

မြေပြင်အခြေနေကိုသိသူတဦးက "သူရဲ့ဇနီးကို ဆေးရုံပို့ပြီး ကားနဲ့အပြန် ဝေဇယန္တာလမ်းမပေါ် အောင်ရတနာအထူးကုဆေးရုံးအနားမှာ သေနတ်နဲ့ပစ်ခတ်ခံရတာဖြစ်တယ်။ ပစ်ခတ်ခံရချိန် သူက ကားနဲ့ ထွက်ပြေးဖို့ ကြိုးစားရာမှာ လမ်းဘေးဓာတ်တိုင်ကို တိုက်မိချိန်မှာ သေနတ်သမားတွေက ပစ်သွားတာ" လို့ပြောပါတယ်။

ရပ်ကွက်နေသူတဦးက "သူမိန်းမက အောင်ရတနာဆေးရုံမှာ ဓာတ်မှန်ဆရာဝန် သူ့ကို ပို့ပြီး အပြန် ၁၆ လမ်းဆုံမှာ အပစ်ခံရတာ သေနတ်နဲ့ ၇ ချက်ပစ်သွားတာ ဓာတ်တိုင်ကို ကားနဲ့တိုက်ပြီး သေသွား တယ်" လို့ ပြောပါတယ်။

ဒုဗိုလ်မှူးကြီး(ငြိမ်း)စိုင်းကျော်သူမှာ လည်ပင်း၊ ယာနားနောက်၊ လက်နဲ့ ချိုင်းအောက်တွေမှာ ၅ ချက် ထိမှန်ခဲ့ပြီး အဲဒီဒဏ်ရာကြောင့် သင်္ကန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်စဉ် လမ်းမှာ သေဆုံးသွား တာလို့ သိရပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဒုညွန်ကြားရေးမှူးချုပ် ဒုဗိုလ်မှူးကြီး(ငြိမ်း)စိုင်းကျော်သူဟာ နိုင်ငံတော် သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည်တို့အား တရာစွဲဆိုထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မလျော်သြဇာသုံး၍ လွှမ်းမိုးမှုနဲ့ ရာဇသတ်ကြီးပုဒ်မ ၁၃၀(က)နဲ့ တရာစွဲဆိုထားတဲ့အမှုမှာ လိုပြသက်သေ ပါဝင်ထွက်ဆိုခဲ့သူလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဦးစိုင်းကျော်သူဟာ စစ်တပ်ကနေ ရွေးကောက်ပွဲကော်မရှင်ရုံးကို ၂၀၂၀ ရွေးကောက်ပွဲ ကာလမှာ ညွန့်ကြားရေးမှူးအဖြစ် ပြောင်းလာသူဖြစ်ပြီး စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဒုတိယ ညွန့်ကြားရေးမှူးချုပ်အဖြစ် တိုးမြှင့်ခံလိုက်ရတာ ဖြစ်ပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က  ဝေဇယန္တရာလမ်းတလျှောက် အိမ်စီးကားနဲ့ လမ်းသွား လမ်းလာတွေကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

For the Yangon မြို့ပြပြောက်ကျားတပ်ဖွဲ့ဟာ စစ်ကောင်စီရဲ့ ရာထူးရှိ အကြမ်းဖက် ဗိုလ်ချုပ်၊ ဗိုလ်မှူးတွေသာမက သူတို့နဲ့အတူ ပူးပေါင်းပြီး ပြည်သူလူထုကို ဖိနှိပ်၊ အနိုင်ကျင့်၊ အကြမ်းဖက် နေသူတွေ စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ပံ့ကူညီသူတွေကို ဆက်လက် သုတ်သင်ရှင်း လင်းသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဧပြီ ၁၈ ရက် မနက်ကလည်း သန်လျင်မြို့နယ်မှာ အငြိမ်းစာဒုဗိုလ်မှုးကြီးတစ်ဦး သေနတ်နဲ့ ပစ်ခတ် ခံရပြီး သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013