DVB Logo
Home
မြန်မာသတင်း
အများပြည်သူပိုင် တနိုင်တပိုင် အသေးစားဆိုလာစနစ်မှ ပိုလျှံလျှပ်စစ်ဓာတ်အားများကို YESC ဝယ်မည်
DVB
·
April 21, 2023
အများပြည်သူပိုင် တနိုင်တပိုင် အသေးစားဆိုလာစနစ်မှ ပိုလျှံလျှပ်စစ်ဓာတ်အားများကို YESC ဝယ်မည်
Donate to DVB

ရန်ကုန်မြို့က အများပြည်သူပိုင် တနိုင်တပိုင် အသေးစားဆိုလာစနစ်ကနေ ပိုလျှံတဲ့ လျှပ်စစ်ဓာတ်အားတွေကို ဝယ်ယူလိုကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က ဧပြီ ၂၁ ရက် ဒီနေ့ အသိပေးကြေညာပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ ဈေးဝယ်စင်တာတွေ၊ ဟိုတယ်တွေ၊ စက်ရုံ၊ အလုပ်ရုံတွေ၊ နေအိမ်တွေ၊ အဆောက်အဦတွေရဲ့ ခေါင်မိုးပေါ်နဲ့ အများပြည်သူ၊ လုပ်ငန်းရှင်တွေရဲ့ ကိုယ်ပိုင်မြေနေရာတွေပေါ်မှာ တနိုင်တပိုင် တပ်ဆင်ထားတဲ့ ဓာတ်အားကွန်ရက်ချိတ်ဆက် အသေးစားဆိုလာစနစ်ကနေ အသုံးပြုပြီး ပိုလျှံတဲ့ လျှပ်စစ်ဓာတ်အားတွေကို ရန်ကုန်ဓာတ်အားဖြန့်ဖြူးမှု ကွန်ရက်စနစ်ကို ချိတ်ဆက်ရောင်းချလိုပါက ဝယ်ယူသွားမယ်လို့ YESC ရဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။

ဓာတ်အားခနှုန်းထားအနေနဲ့ ၁၀၀ ကီလိုဝပ်ကနေ ၁ မဂ္ဂါဝပ်အတွင်း ရောင်းချပါက ၁ ကီလိုဝပ်ကို ၈၅ ကျပ်နှုန်း၊ ၁ မဂ္ဂါဝပ် အထက်ကနေ ၁၀ မဂ္ဂါဝပ်အထိဖြစ်ပါက ၁ ကီလိုဝပ်ကို ၈၀ ကျပ်နှုန်းနဲ့ ဝယ်ယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဓာတ်အားကွန်ရက်ချိတ်ဆက် အသေးစားဆိုလာစနစ်အတွက် နည်းပညာဆိုင်ရာ သတ်မှတ်ချက်တွေ၊ လျှောက်ထားရမယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထပ်မံထုတ်ပြန် ကြေညာပေးသွားမယ်လို့ ဆိုပါတယ်။

လက်ရှိမှာ နိုင်ငံတဝန်း လျှပ်စစ်မီးပြတ်တောက်မှုတွေက ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပြီး တရက်ကို ၂၄ နာရီနီးပါး ပြတ်တောက်နေတဲ့ နေရာဒေသတွေရှိသလို သတ်မှတ်ချိန်ထက်ပိုပြီး လျှပ်စစ်မီးပြတ်တောက်နေတဲ့ နေရာဒေသတွေလည်း ရှိနေပါတယ်။

လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်မှုက လူထုအကြားမှာ အဆင်မပြေမှုတွေ ကြုံတွေ့နေရပြီး စီးပွားရေးလုပ်ငန်းတွေလည်း အခက်ကြုံနေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013