DVB Logo
Home
မြန်မာသတင်း
မြဝတီတွင် စစ်ကောင်စီတပ်က လူငယ်များကို လိုက်လံစုဆောင်းနေ
DVB
·
April 21, 2023
မြဝတီတွင် စစ်ကောင်စီတပ်က  လူငယ်များကို လိုက်လံစုဆောင်းနေ
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက ဝေ့ရှမ်း၊ မဲ့ပလဲ့ စတဲ့နေရာတွေကို စစ်တပ်က တရပ်ကွက်ကို လူငယ် အယောက် ၂ဝ နှုန်းပေးဖို့ ရပ်ရွာအုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေကို ခိုင်းစေနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂ဝ ရက် ညနေပိုင်းလောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့က အရာရှိတချို့နဲ့ တပ်ဖွဲ့ဝင်တွေ လက်နက်အပြည့်အစုံနဲ့ မြဝတီ၊ ဝေ့ရှမ်း၊ မဲ့ပလဲ့ ရွာတွေကို လာရောက်ခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးပိုင်းနဲ့ တွေ့ဆုံကာ တရပ်ကွက်ကို လူငယ် ကျား မ ၂ဝ ဦးပေးဖို့ တောင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြဝတီမြို့ခံတဦးက“အခုက ဝေ့ရှမ်းက ဖုန်းဆက်တာ။ ညနေ ၅ နာရီကျော်မှာ စစ်ကောင်စီတပ်က အင်အား ၃ဝ ခန့်နဲ့လာပြီး တရပ်ကွက်ကို လူငယ် ၂ဝ ပေးဖို့ ဖိအားပေးတာ။ ဒါမဲ့ ရပ်ကွက်လူကြီးတွေကလည်း ငါတို့တောင်းလို့ရမှာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့တယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ကရင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KNU, KNLA, PDF တပ်ပေါင်းစုတွေ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် စစ်ကာင်စီက အခုလိုလုပ်လာတာဖြစ်တယ်လို့ ဒေသခံတဦးက ထပ်မံပြောဆိုပါတယ်။

မြဝတီမြို့ခံတဦးက “ဒီဘက်မှာတော့ မကြားသေးဘူး၊ ဝေ့ရှမ်းနဲ့ မဲ့ပလဲ့ကိုတော့ ဝင်ပြီးပြီကြားတယ်။ ဒီကောင်တွေက လူသားဒိုင်းလုပ်ဖို့လား ဘာလားတော့ မသိဘူး။ လူကြီးတွေကငြင်းတော့ ကိုယ့်ဟာကိုယ် ပေါ်တာလိုက်စွဲမယ့်သဘောမှာ ရှိတယ်။ ဝေ့ရှမ်းမှာတော့ လမ်းမပေါ်တွေမှာ ခွေးတောင်မရှိတော့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက ရပ်ရွာတွေကို လူဦးရေတောင်းခံလာတာက ကရင်ပြည်နယ်မှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး စစ်ရေးအရ စစ်ကောင်စီတပ်သားတွေ သေကျေပျက်စီးမှု များလာတဲ့အတွက် လုပ်လာတာဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ဝ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီ ခမရ ၃၄၁ က တပ်သားအဆင့် ၄ ဦး KNLA ကို လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာခဲ့ပြီး ဧပြီ ၁၉ ရက်နေ့မှာလည်း စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ မဲကနယ်မှာ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင် ၂၄ ဦး ကျဆုံးခဲ့ပါတယ်။

သတင်း B3-56

ဓာတ်ပုံ-စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013