DVB Logo
Home
မြန်မာသတင်း
မြဝတီမြို့တွင် လျှပ်စစ်မီးမရသည့်အပြင် မီးသွေးနှင့် ဂက်စ်ဈေး အဆမတန်မြင့်တက်နေ
DVB
·
April 21, 2023
မြဝတီမြို့တွင် လျှပ်စစ်မီးမရသည့်အပြင် မီးသွေးနှင့် ဂက်စ်ဈေး အဆမတန်မြင့်တက်နေ
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာ ၄ လကျော်ကြာတဲ့အထိ လျှပ်စစ်မီးမရရှိတဲ့အပြင် ဒေသခံပြည်သူတွေ ထမင်းဟင်းချက်ပြုတ်ရာမှာ မီးသွေးနဲ့ ဂက်စ်တွေကို အသုံးပြုနေကြရပြီး မီးသွေးနဲ့ ဂက်စ်ကလည်း ဈေးတွေ အဆမတန်မြင့်တက်လာတယ်လို့ မြဝတီမြို့နေ ဒေသခံတွေထံက သိရပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်ကနေ ဧပြီ ၂၀ ရက်နေ့ ၄ လကျော် ကြာတဲ့အထိ လျှပ်စစ်မီးလိုင်းတွေ ပြတ်တောက်နေတာကြောင့် မီးပျက်တဲ့အချိန်ကစပြီး မီးဖိုချောင်သုံး မီးသွေးနဲ့ ဂက်စ်ဓာတ်ငွေ့ရည် ဝယ်ယူရာမှာ ဈေးတွေမြင့်တက်လာတာလည်း ဖြစ်ပါတယ်။

အိမ်သုံး မီးသွေးအိတ်ကြီးတအိတ်ကို အရင် မီးမပျက်ခင်က ၃,၀၀၀ ပေးဝယ်ခဲ့ပြီး မီးပျက်ပြီး နောက်ပိုင်းမှာတော့ ၈,၀၀၀ ကနေ ၁၂,၀၀၀ ထိ ပေးဝယ်နေရတဲ့အပြင် အိတ်အပြည့်မရတော့ဘဲ တဝက်သာရတော့တယ်လို့ ရွှေတိဂုံပုံတူဘုရားအနီးက ရပ်ကွက်တွင်း နေထိုင်သူတဦးက ပြောပါတယ်။

“မီးသွေးကတော့ မီးပျက်တဲ့အချိန်ကစပြီးတော့ကို ဈေးတွေတက်တက်ကုန်တာ။ မီးသွေးက ၈,၀၀၀ ဆိုရင် အပေါစားပဲရတယ်။ ပြာငုံတယ်လေ၊ ထည့်ပြီးတာနဲ့ သုံးမကောင်းတော့ဘူး၊ မီးသေသွားတယ်။ ၁၂,၀၀၀ လောက်မှ ကောင်းကောင်းသုံးရတာ။ ပြီးရင်လည်း မီးသွေးက ဆန် ၂၄ ပြည် အိတ်အကြီးနဲ့ကို အပြည့်ကမရဘူး၊ တဝက်လောက်ပဲ ရတော့တယ်လေ၊ အရင်က အပြည့်နီးပါးရတယ်။”

မြဝတီမြို့အတွင်း ဂက်စ်အိုးဖြည့်တဲ့အခါမှာ အရင်က 4Kg ဂက်စ်အိုး ၁ လုံးကို ၆,၀၀၀ ကျပ်ပေးရပြီး အခုချိန်မှာ ၁၅,၀၀၀ ကျပ်ပေးပြီး ဓာတ်ငွေ့ရည်ဖြည့်ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဂက်စ်ဖြည့်တဲ့အခါမှာ အရင်လို ရက်ကြာကြာအသုံးမခံတော့ဘဲ အရည်အသွေးညံ့တဲ့ ဂက်စ်ဓာတ်ငွေ့ရည်တွေ ဖြည့်မိရင် တခါတလေမှာ အကုန်မြန်တယ်လို့ မြဝတီမြို့ အမှတ် ၄ ရပ်ကွက်နေ အိမ်ရှင်မတဦးက ပြောပါတယ်။

“မီးပျက်တဲ့အတွင်းမှာပဲ အစကဆိုရင် ဂက်စ်တအိုးထည့် အပြည့်ရသေးတယ်၊ တလလောက်ကို သုံးရတယ်။ တခါတလေလည်း ဂက်စ်မပြည့်တာတွေ အရည်အသွေးညံ့တာတွေ ဖြစ်လာတယ်။ အဲ့ချိန်ကျရင်တော့ ဂက်စ်တအိုးကို ၁၀ ရက်လောက်ပဲ သုံးရတော့တယ်။ မီးမပျက်တုန်းက ဂက်စ်ရည်ဖြည့်ရင် ခဏစောင့်ပြီးရင် ယူလို့ရပြီး အခုတော့ အိုးသွားအပ်ထားပြီးတော့ တရက်လောက်စောင့်ရတယ်။”

မြဝတီမြို့တွင်းမှာသာမက ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး ဒေသဘက်တွေမှာလည်း လျှပ်စစ်မီး တဆက်တည်း ပြတ်တောက်နေတာကြောင့် မီးသွေးနဲ့ ဂက်စ်ဈေးနှုန်း မြင့်တက်နေတာတွေအပြင် ကျေးရွာတွေဘက်အထိ ဈေးနှုန်းသုံးဆ လေးဆ မြင့်တက်ပြီး ဝယ်ယူသုံးစွဲနေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013