DVB Logo
Home
မြန်မာသတင်း
ပဇီကြီးရွာကို စစ်ကောင်စီက တတိယအကြိမ် လေကြောင်းက ထပ်မံ တိုက်ခိုက်၊ ရွာမီးရှို့
DVB
·
April 21, 2023
ပဇီကြီးရွာကို စစ်ကောင်စီက တတိယအကြိမ် လေကြောင်းက ထပ်မံ တိုက်ခိုက်၊ ရွာမီးရှို့
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို စစ်ကောင်စီတပ်က ဧပြီ  ၂၀ ရက် မွန်းလွဲ ၂ နာရီလောက်မှာ လေကြောင်းကနေ ထပ်မံလာရောက် တိုက်ခိုက်ခဲ့တယ်လို့ ကျေးရွာ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီရဲ့ လေယာဉ်ဟာ မုံရွာ နမခကနေတက်လာပြီး လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ လည်းဒေသခံတွေက ပြောပါတယ်။

ပဇီကြီးကျေးရွာသားတယောက်က “ ကျနော်တို့ ဒေသခံတွေက ဧပြီ ၁၁ ရက်နေ့ကတည်းက ရွာထဲမှာ မနေ‌ကြတော့ ‌ဒီပစ်ခတ်တာကတော့ ရွာသားတွေ ထိမှန်တာမရှိခဲ့ဘူး။ မနေ့ကလည်း သူတို့က အလည်ရွာကနေ မြေပြင်ကနေ စစ်ကြောင်းထိုးလာတာလည်းရှိတယ်။ သူတို့စစ်ကြောင်းက ရွာထဲအရင်ဝင်ပြီး သင်္ချိုင်းကုန်းအနီး‌အရောက်မှာ ရွာကိုသုံးပတ်ပတ်ပြီး အခုလို လေယာဉ်နဲ့ ရွာအလယ်ကောင်ကို မိုင်း ၅ လုံးချပစ်ခတ်ခဲ့တာဗျ။ အခုညနေပိုင်းရောက်တော့ ရွာကို မီးတင်နေကြတယ်။ ဘာကြောင့် အခုလိုရွာကို လုပ်နေကြတာလဲဆိုတော့ ဘာအငြိုးအတေးတွေနဲ့ လုပ်နေကြတယ် ဆိုတာကိုတော့မသိရဘူးပါဘူး။ မြေပြင်မှာလည်း ဘာတိုက်ပွဲမှမဖြစ်ဘူး။ ဒေသခံတွေကလည်း ဘယ်သူမှ သူတို့ကိုဘာလုပ်နေလို့လဲဗျာ။ သတ္တိရှိရင်  လက်နက်ကိုင်အချင်းချင်း တိုက်ကြပေါ့။ အခုဟာက မဆိုင်တဲ့ရွာသားတွေအပြင် အိမ်တွေကိုပါမီးရှို့ရအောင် လုပ်နေတာဆိုတော့ ကမ္ဘာတာဝန်ရှိသူတွေ ဒီအတိုင်းပဲ ကြည့်နေကြတော့မှာလား”လို့ ပြောပါတယ်။

ပဇီကြီးရွာကို စစ်ကောင်စီက အခုလိုပြုလုပ်နေတာကို ရွာသားတွေကတော့ အဝေးကနေပဲ ထိုင်ကြည့်နေကြရပြီး မိသားစုဝင်တွေပါဆုံးရှုံးခဲ့ရရုံသာမက  ဒေသခံတွေရဲ့ နေအိမ်အားလုံးကိုပါ မီးရှို့နေတာခံနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီမြေပြင်တပ်ကတော့ လက်ရှိအချိန်အထိ ပဇီကြီးရွာထဲကနေမထွက်သေးတာကြောင့် ရွာမီးလောင်တာကိုပဲ အဝေးကနေထိုင်ကြည့်ရတယ်လို့ ရွာသားတွေက ဆိုပါတယ်။

ပဇီကြီးရွာကို စစ်ကောင်စီတပ်က ဧပြီ ၁၁ ရက်နေ့က လေကြောင်းကနေ ပထမအကြိမ် တိုက်ခိုက်ခဲ့ရာမှာ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေအပါအဝင် ရွာသားပေါင်း ၁၇၀ လောက် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013