DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး ထပ်မံသေဆုံး
DVB
·
April 20, 2023
ကရင်နီပြည်နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး ထပ်မံသေဆုံး
Donate to DVB

ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါညေးခူကျေးရွာကနေ ဘောလခဲမြို့သို့ သွားရာလမ်းအပိုင်းမှာ ဧပြီ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးကာ ၁ ဦးကို ဖမ်းဆီးရမိထားကြောင်း ကရင်နီသတင်းအချက်အလက်စင်တာ (KnIC) မှာဖော်ပြပါတယ်။

မနေ့မွန်းလွဲ ၁ နာရီဝန်းကျင်လောက်က စစ်ကောင်စီတပ် ခလရ (၈၀)နဲ့ ကရင်နီတပ်မတော် KA ၊ KNDF တပ်ရင်း ၂၁ ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားတာဖြစ်ပြီး စစ်ကားတစီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တဲ့အပြင် လက်နက်ငယ် ၆ လက်နဲ့ ကျည်တချို့သိမ်းဆည်းရမိခဲ့ကြောင်း ကေအန်ပီပီရဲ့ သတင်းအချက်အလက်စင်တာက  ဖော်ပြထားပါတယ်။

ဒေါညေးခူမှာ ဧပြီ ၁၆ နဲ့ ၁၇ ရက်နေ့တွေမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင်နီပူးပေါင်းတို့အကြား ထိတွေ့တိုက်ပွ်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့တွေထံကနေ လက်နက်က်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ 

အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013