DVB Logo
Home
မြန်မာသတင်း
မဲကနယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၂၄ ဦးနှင့် တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံး
DVB
·
April 19, 2023
မဲကနယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၂၄ ဦးနှင့် တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံး
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ ၂ ရက်တာ တိုက်ပွဲ တွေအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ၂၄ ယောက် သေဆုံးပြီး တော်လှန်ရေး ပူး ပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ၂ ယောက် ကျဆုံးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကော်ဘရာစစ်ကြောင်း(၂)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle၊ ရောင်နီ စတဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီ ခလရ ၂၇၅၊ ခမရ ၃၅၅၊ ခလရ ၁၀၂၊ မ(၂)၊ ခလရ (၂၀၇)၊ BGF (၁၀၁၉)တပ်ရင်းတို့ကြား တိုက်ပွဲတွေ ဖြစ်နေခဲ့တာပါ။

ဧပြီ ၁၈ ရက်ည သန်းခေါင်ကျော် အချိန်ကစပြီးတော့ မဲကနယ်ကျေးရွာအနီး ကျောက်မိုင်းဒေသမှာ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူယူကာ မနက် ၅ နာရီအချိန်မှာ စစ် ကြောင်းထိုးတက်လာခဲ့တာကြောင့် နယ်မြေလုံခြုံရေးယူထားတဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်အုပ်စုဘက်က ၄ ယောက်သေဆုံးပြီး ၅ ယောက် ထိခိုက် ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲတွင်းမှာတော့ 40mm (၁)လက်၊ အေကေ (၁)လက် တို့ကို သိမ်းဆည်း ရမိခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တာကြောင့် တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ယောက် ကျ ဆုံးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ပြောပါတယ်။

 ဒါ့အပြင် ဧပြီ ၁၉ ရက် ဒီကနေ့မှာလည်း မဲကနယ်ကျေးရွာအနီး ကျောက်မိုင်းဒေသမှာပဲ ညသန်းခေါင် ၁၂ နာရီလောက်ကစပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် ပြီး စစ်ကြောင်းထိုးတက်လာခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ မနက် ၆ နာရီမှာ ထိတွေ့မှု တိုက် ပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ တိုက်ပွဲမှာတော့ အကြမ်းဖက်စစ်အုပ်စုဘက်က အယောက် ၂၀ သေဆုံးပြီး ၁၈ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကာ အမ်အေ1 (၁)လက်၊ အမ်အေ2 (၁)လက်၊ အမ် အေ3 (၁)လက်၊ နာတိုပြောင်း (၁)ပြောင်း၊ 60mm ကွန်မန်ဒိုပြောင်း (၁)ပြောင်း၊ 60mm ပြောင်းရှည် (၁)ပြောင်း၊ နာတိုကျည် (၅၂၀)တောင့်၊ နာတိုကျည်ကြိုး (၁၂)ကြိုး၊ ကပစ ကျည် (၁၅၀၀)တောင့်၊ အေကေကျည် (၁၄၀)တောင့်၊ 60mm (၂၃)လုံး၊ အီနာဂါ (၁၈)လုံး၊ အီနာဂါပို့ကျည် (၂၀)တောင့်၊ 40mm (၃၉)လုံး၊ အမ်အေကျည်ဘောက် (၁၉)ဘောက်၊ အေကေကျည်ဘောက် (၁)ဘောက်၊ နင်းမိုင်း (၇)လုံး၊ လက်ပစ်ဗုံး (၂) လုံး တို့ကို သိမ်း ဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများတာကြောင့် ည ၈ နာရီခွဲ လောက်က စတင်ကာ လက်နက်ကြီးတွေနဲ့ လေကြောင်းအသုံးပြုကာ ၅ ကြိမ်ထက်မ နည်း တိုက်ခိုက်ခဲ့တာကြောင့် ကော်ဘရာစစ်ကြောင်းက  ရဲဘော် ၁ ယောက် ထပ်မံကျ ဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကရင်ပြည်နယ်၊ မြဝတီ၊ ရွေကုက္ကို၊ ကော့ကရိတ်မြို့နဲ့ တခြားမြို့တွေမှာ စစ်ကောင်စီ BGF ပူးပေါင်းတပ်တွေနဲ့ KNU၊ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ ပြီးခဲ့တဲ့ မတ် ၂၅ ရက်ကတည်းက စတင်ကာ ဆက်တိုက်ဆိုသလို တိုက်ပွဲဖြစ်ပွားနေတာပါ။

ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာတော့ မြဝတီမြို့နယ်ထဲက BGF အထိုင်စခန်း သိန်းတန်ကုန်းကို ကော်ဘရာ၊ ကျားသစ်နက် စတဲ့ ပူးပေါင်းမဟာမိတ်တွေ သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိကာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013