DVB Logo
Home
မြန်မာသတင်း
မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းတွင် အဘိုးအို ၁ ဦး လဲကျသေဆုံး
DVB
·
April 19, 2023
မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းတွင် အဘိုးအို ၁ ဦး လဲကျသေဆုံး
Donate to DVB

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်၊ မင်းဓမ္မလမ်း အမျိုးသားပြန်လည်သန်စွမ်းရေး ဆေးရုံအနီးမှာ ဧပြီ ၁၉ ရက် ဒီနေ့မနက် ၁၁ နာရီခွဲက အသက် ၇၀ အရွယ် အဘိုးအိုတဦး နေအပူရှိန်ကြောင့် လဲကျသေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

အပြင်ကနေ နေအိမ်ကိုပြန်လာတဲ့ အသက် ၇၀ အရွယ် အဘိုးအိုဟာ မင်းဓမ္မလမ်း အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံအနီးမှာ လဲကျသေဆုံးသွားတာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သေတဲ့အဘကြီးက ၆ ရပ်ကွက်မှာနေတယ်လို့ ပြောတယ်။ သေချာတော့မသိဘူး။ ရပ်ကွက်ကလူကြီးတွေ ပရဟိတအဖွဲ့တွေ ဖုန်းဆက်တယ်။ သူတို့လာတော့ နေအပူရှိန်ကြောင့်သေတယ်လို့ ပြောတယ်။”

ရပ်မိရပ်ဖတွေရဲ့ ဖုန်းဆက်မှုကြောင့် လဲကျသေဆုံးတဲ့ အဘိုးအိုကို အဖြူရောင်အသင်း နာရေးကူညီမှုယာဥ်နဲ့ မြောက်ဥက္ကလာပဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ပရဟိတအဖွဲ့ကို ဖုန်းဆက်ခေါ်တော့ မြန်မာ့ကြယ်ဖြူ လူမှုကူညီရေးအသင်းကလာတယ်။ သူတို့စစ်ဆေးကြည့်တော့ ဆုံးနေပြီ။ အသက်လည်းကြီးပြီး နေကလည်းပြင်းတော့ အပူရှိန်ကြောင့် ဆုံးတယ်ပြောတယ်။ သူတို့ကနေပြီး အဖြူရောင်အသင်း နာရေးယာဥ်နဲ့ ဆေးရုံကိုပို့ပေးတယ်။ သေတဲ့သူက ဒီနားရပ်ကွက်ကပဲ။”

ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက် နေ့လယ် ၁ နာရီခွဲကလည်း ဗဟန်းမြို့နယ် ဦးစံဖေရပ်ကွက်မှာ စက်ဘီးစီးပြီးပြန်လာတဲ့ အမျိုးသားတဦး လဲကျသေဆုံးခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။

ဒါ့အပြင် ဒဂုံဆိပ်ကမ်းမြို့နယ် ၉၄ ယုဇနဥယျာဥ်အိမ်ရာမှာ ဧပြီ ၁၀ ရက် မနက်ပိုင်းက နေအပူရှိန်ကြောင့် သားအမိနှစ်ဦး အသက်ရှူကျပ်ပြီး သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013