DVB Logo
Home
မြန်မာသတင်း
ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှု သရုပ်ဖော်ပုံများရေးဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှု ပြုလုပ်
DVB
·
April 18, 2023
ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှု သရုပ်ဖော်ပုံများရေးဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှု ပြုလုပ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို Artstrike အဖွဲ့က သရုပ်ဖော်ပုံတွေနဲ့ ဖော်ညွှန်းပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ဧပြီ ၁၇ ရက် နှစ်ဆန်း ၁ ရက်က ပြည်သူအပေါင်းရဲ့ ပြုသမျှ ကောင်းမှု၊ ဆုတောင်းမှုတွေဟာ ပဇီကြီးအတွက် ရပ်တည်မှု၊ ပြည်သူ့အတွက် ပြည်သူမှ ရပ်တည်ကြောင်း ပြသကြဖို့လည်း တိုက်တွန်း နှိုးဆော်ထားပါတယ်။

Artstrike အဖွဲ့ဝင်တယောက်က “ကျနော်တို့ Artstrike အဖွဲ့ဟာ လက်နက်ကိုင်ပြီး မတိုက်နိုင်လို့ ကိုယ်တတ်ကျွမ်းတဲ့ အတတ်ပညာ၊ အနုပညာ လက်နက်နဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန်နေတာပါ။ ခေတ်သစ်တော်လှန်ရေးမှာ အာဏာရှင် အမြန်ပြုတ်ကျဖို့ဆိုတာ နည်းနာအသစ်၊ သဏ္ဌာန်အသစ်တွေနဲ့ ဝိုင်းဝန်းတော်လှန်ကြဖို့ လိုအပ်ပါတယ်။ Artstrike အနေနဲ့ကတော့ လိုအပ်နေတယ်ထင်တဲ့ ကွက်လပ်တခုကို ကိုယ့်ဘာသာ တာဝန်ယူလိုက်တဲ့သဘောပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

Artstrike အဖွဲ့ဟာ တော်လှန်ရေးအတွက် Volunteer သက်သက်ဖြစ်ပြီး အာဏာရှင်စနစ် အမြန်ပြုတ်ကျဖို့အတွက် ပုံစံမျိုးစုံနဲ့ ပါဝင်ပေးကြပါလို့ Artstrike အဖွဲ့က တိုက်တွန်း ပြောပါတယ်။

ဒါ့အပြင် ဓမ္မကိုကာကွယ်ပြီး အဓမ္မကို တွန်းလှန်နေတဲ့ ပြည်သူတရပ်လုံးအနေနဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ဒီနေ့တိုင် ဆန့်ကျင်တော်လှန်နေဆဲဖြစ်ကြောင်းနဲ့ ဖက်ဒရယ်စိတ်ဓာတ်ကို အရင်းတည်ပြီး ပြည်သူ့အတွက် ပြည်သူမှ ရပ်တည်ကြောင်း ပါဝင်ပြသကြဖို့လည်း  Art Strike အဖွဲ့က နှိုးဆော်လိုက် ပါတယ်။

ဧပြီ ၁၁ ရက် မနက်က ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ အကြမ်းဖက် တိုက်ခိုက်ခဲ့လို ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေအပါအဝင် ၁၆၈ ဦး သေဆုံးခဲ့ပြီး ကျန်တဲ့ရုပ်အလောင်းတချို့ဟာ  ခန္ဓာကိုယ်အပိုင်းအစတွေအဖြစ် တစစီဖြစ်သွားခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013