DVB Logo
Home
မြန်မာသတင်း
၂ နှစ်ကျော်အတွင်း အမျိုးသမီးနှင့် ကလေးသူငယ် ၁၀၀၀ ကျော်သေဆုံး၊ ၃၇၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
April 18, 2023
၂ နှစ်ကျော်အတွင်း အမျိုးသမီးနှင့် ကလေးသူငယ် ၁၀၀၀ ကျော်သေဆုံး၊ ၃၇၀၀ ကျော် ဖမ်းဆီးခံရ
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေး ၂ နှစ်ကျော်ကာလတွေအတွင်း သေဆုံးအမျိုးသမီးနဲ့ ကလေး သူငယ်အရေအတွက်ဟာ ၁၀၀၀ ကျော်ထိ ရှိလာပြီး ဖမ်းဆီးခံထားရသူအရေအတွက်ကတော့ ၃,၇၀၀ ကျော်ထိ ရှိနေတယ်လို့ NUG အစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ပြောပါတယ်။

လတ်တလောအချိန်ထိ သေဆုံးခဲ့တဲ့ အမျိုးသမီးဦးရေ ၆၃၇ ယောက်နဲ့ ဖမ်းဆီးခံထားရဆဲ ဦးရေ ၃,၃၄၆ ယောက် ရှိနေပြီး သေဆုံးကလေးသူငယ်ဦးရေကတော့ ၃၉၆ ယောက်နဲ့ ဖမ်း ဆီးခံထားရဆဲဦးရေ ၃၅၅ ယောက် ရှိနေတာလို့ ဆိုပါတယ်။

နှစ်ဆန်း ၁ ရက်နေ့မှာ နိုင်ငံတဝန်း အကျဉ်းသား ၃၀၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပေးရာမှာ လွတ်ရက်စေ့ခါနီး နိုင်ငံရေးအကျဉ်းသား ၁ ဦးသာပါဝင်ခဲ့ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာလည်း မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီး တိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ် ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စု လေကြောင်း တိုက်ခိုက်မှုမှာ ကျဆုံးခဲ့ရတဲ့ ပဇီကြီးပြည်သူ ၁၆၈ ဦးထဲမှာ ၅ နှစ်အောက် ကလေးတွေ အပါအဝင် အသက် ၁၈ နှစ်အောက် ကလေး သူငယ် အယောက် ၄၀ ထိ ပါဝင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုကတော့ ၂ နှစ်ကျော်ကာလတွေအတွင်း ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းတွေပါမချန် အပြစ်မဲ့ ပြည်သူတွေကို နိုင်ငံတဝန်း မြေပြင်ကရော လေကြောင်းကပါ အစုလိုက်အပြုံလိုက် ရာဇဝတ်မှုမြောက် ပစ်ခတ် သတ်ဖြတ်မှုတွေ ကျူးလွန်နေကြတာ ဖြစ်ပါတယ်။

NUG အစိုးရကတော့ ရာဇဝန်ကောင် အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာက ထိ ရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်နိုင်ဖို့ ဆက်လက်ကြိုးပမ်းနေတယ်လို့ ပြောကြား ထားပါတယ်။

စစ်ကောင်စီကို တကယ့်ရာဇဝတ်မှုကျူးလွန်မှုတွေကို နိုင်ငံတကာခုံရုံးမှာပဲ ဖြစ်စေ ဒါမှ မဟုတ် ကမ္ဘာလွှမ်းခြုံတရားစီရင်ရေး Universal Jurisdiction ဆိုတဲ့ တရားစွဲဆို တဲ့နိုင်ငံမှာ အမြန်ဆုံးစွဲဆိုနိုင်ဖို့အတွက် ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

လတ်တလော ပဇီကြီးကျေးရွာကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ၊ အီးယူနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာက အပြင်းအထန် ကန့်ကွက် ရှုတ်ချလိုက်ပြီး ဒီလုပ်ရပ်ကို ကျူးလွန်သူတွေအနေနဲ့ တာဝန်ခံဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့လည်း တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013