DVB Logo
Home
မြန်မာသတင်း
ကျန်းမာရေးသူရဲကောင်းဝန်ထမ်းများအတွက် ထောက်ပံ့နိုင်ရန် ဖိတ်ခေါ်
DVB
·
April 17, 2023
ကျန်းမာရေးသူရဲကောင်းဝန်ထမ်းများအတွက် ထောက်ပံ့နိုင်ရန် ဖိတ်ခေါ်
Donate to DVB

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ မြန်မာ့နွေဦးတော်လှန်ရေးကာလဟာ အချိန် ၂ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း ရှေ့တန်းကနေ တတပ်တ အားပါဝင်နေကြတဲ့ ကျန်းမာရေးသူရဲကောင်း ဝန်ထမ်းတွေအတွက် တတ်နိုင်တဲ့ဘက်က ပါ ဝင်ထောက်ပံ့နိုင်ဖို့ NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ဖိတ်ခေါ်နေပါတယ်။

နွေဦးကျန်းမာရေးသူရဲကောင်းအဖွဲ့ဝင် (Spring Healthcare Heroes - SHH) အစီအစဉ် ကတော့ "ကျန်းမာရေးစောင့်ရှောက်သူမှ ကျန်းမာရေးစောင့်ရှောက်သူသို့" ကူညီစောင့် ရှောက်မယ့်အစီအစဉ် ဖြစ်ပြီးတော့ တော်လှန်ရေးကာလ ရှေ့တန်းမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင် နေကြတဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေကို ပင်ပန်းဆင်းရဲခံပြီး တသားတည်း ဆေးကုသမှုပေးနေကြတဲ့ ကျန်းမာရေးသူရဲကောင်းဝန်ထမ်းတွေကို ကူညီ စောင့်ရှောက်မယ့် အစီအစဉ် ဖြစ်ပါတယ်။

SHH ဟာ ကျန်းမာရေးစောင့်ရှောက်သူမှ ကျန်းမာရေးစောင့်ရှောက်သူသို့" ဆိုတဲ့အတိုင်း ကမ္ဘာ့နေရာအနှံ့အပြားမှာ ရှိနေတဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေက မိမိတို့ရဲ့ ညီအကို မောင်နှမ၊ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့၊ မြေပြင်မှာ တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေ ကြတဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေကို ပံပိုးကူညီသွားမှာဖြစ်ကာ Member ကြေးကို တလကို အမေရိကန်ဒေါ်လာ ၃၀ နှုန်း သတ်မှတ်ထားပြီး မိမိထည့်ဝင်နိုင်သလောက် ၃ လ၊ ၆ လ၊ ၁ နှစ် အထိ အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်မယ်လို့ ဆိုပါတယ်။

“မိမိထောက်ပံ့လိုတဲ့ ရဲဘော်ရဲဘက် အရေအတွက်အလိုက် SHH အဖွဲ့ဝင်ကတ်တွေကို ဝယ် ယူနိုင်ပါတယ်။ ဥပမာ အလှူရှင်တစ်ဦးအနေနဲ့ လစဉ် SHH အဖွဲ့ဝင်ကတ် (၁၀) ကတ် ဝယ်ယူထားပါက ကျန်းမာရေးစောင့်ရှောက်သူ (၁၀) ဦးကို လစဉ်တာဝန်ယူ၊ ထောက်ပံ့ပေးနေတဲ့သဘောပဲ ဖြစ်ပါတယ်။”

အကြမ်းဖက်စစ်အုပ်စုကတော့ မြန်မာနိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်း ၂ နှစ်ကျော် ကာလအတွင်း ကျန်းမာရေးဝန်ထမ်း အယောက် ၇၀ လောက်ကို သတ်ဖြတ်ခဲ့တယ်လို့ NUG အစိုးရက ထုတ်ပြန်ပါတယ်။

ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုတွေနဲ့ တခြားအကြမ်း ဖက်မှုတွေကို လူမဆန်စွာ ဆက်တိုက်ကျူးလွန်ခဲ့တွေနဲ့ ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်စွဲနဲ့ NUG အစိုးရအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ခုလိုဖော်ပြထားတာ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ကျန်းမာရေးဝန်ထမ်း အယောက် ၉၀၀ လောက် ဖမ်းဆီးခံ ထားရပြီး အယောက် ၇၈၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကာ အကြမ်းဖက်စစ်အုပ်စုက ဆေးရုံ/ဆေးခန်း ၁၆၀ ကျော်ကိုလည်း ဖျက်ဆီးတာတွေ ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက ကျန်းမာရေးကဏ္ဍအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ အကြမ်းဖက် တိုက်ခိုက်နေတာက ဂျီနီဗာကွန်ဗန်းရှင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် တွေ၊ နိုင်ငံတကာဥပဒေတွေနဲ့ ပြည်တွင်းဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့လည်း NUG အစိုးရက ပြောပါတယ်။

လက်ရှိမှာတော့ နွေဦးကျန်းမာရေးသူရဲကောင်းအဖွဲ့ဝင် (Spring Healthcare Heroes - SHH) အစီအစဉ်မှာ Member ဝင်ဖို့အတွက် နိုင်ငံအသီးသီးရဲ့ ကိုယ်စားလှယ်တွေ စာရင်းတွေကိုလည်း NUG ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013