DVB Logo
Home
မြန်မာသတင်း
ဘားအံရဲစခန်း တိုက်ခိုက်ခံရ၊ BGF စခန်းသိမ်းတိုက်ပွဲတွင် ကျားသစ်နက် ရဲဘော် ၂ ဦး ကျဆုံး
DVB
·
April 12, 2023
ဘားအံရဲစခန်း တိုက်ခိုက်ခံရ၊ BGF စခန်းသိမ်းတိုက်ပွဲတွင် ကျားသစ်နက် ရဲဘော် ၂ ဦး ကျဆုံး
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မ ရဲစခန်းကို မြို့ပြပြောက်ကျားတပ်ဖွဲ့က ဧပြီ ၁၂ ရက် ဒီနေ့ မနက်အစောပိုင်းက ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦး သေဆုံးသွားတယ်လို့ အဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

ဧပြီ ၁၂ ရက်နေ့ မနက် ၅ နာရီ ၄၅ မိနစ်လောက်မှာ ဘားအံမြို့နယ်၊ အမှတ် ၂ ရပ်ကွက်ရှိ ဘားအံမြိုမရဲစခန်းကို မြို့ပြပြောက်ကျားတပ်ဖွဲ့က (HGF) အဖွဲ့က ဗုံးထောင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီရဲတပ်ဖွဲ့က ဗုံးကိုဖြုတ်ဖို့ ကြိုးစားစဥ် ပေါက်ကွဲခဲ့ပြီး ရဲ ၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

"အဲ့ရဲစခန်းက မူးယစ်ရမ်းကားပြီး ပြည်သူတွေကို ရိုင်းပျတာမျိုးတွေရှိတယ်” HGF တာဝန်ရှိသူက ပြောပါတယ်။ 

HGF အဖွဲ့အနေနဲ့ သင်္ကြန်ပွဲတော်ရက်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့တွေကို စစ်ရေးပစ်မှတ်ထားကာ အဓိကထားတိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်သား၊ ရဲတွေနဲ့ ပူးပေါင်းအဖွဲ့တွေ စခန်းချရာအနီးကကို မသွားကြဖို့  HPA AN GUERILLA FORCE - HGF အဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

မတ်လ လဝက်လောက်ကစတင်ပြီး စစ်ကောင်စီတပ်က ဘားအံမြို့ သံလွင်တံတားကို လုံခြုံရေးတင်းကျပ်ပြီး လူငယ်တွေကို အဓိကထားစစ်ဆေး ငွေညှစ်နေတယ်လို့ သိရပါတယ်။

ဒီနေ့ ဧပြီ ၁၂ ရက်နေ့မှာပဲ စစ်ကောင်စီပြုလုပ်ထားတဲ့ ရေကစားမဏ္ဍပ် ၃ နေရာမှာ အသံဗုံး ပေါက်ကွဲခဲ့ပါသေးတယ်။

မဲဂနယ်ရွာ BGF စခန်းသိမ်းတိုက်ပွဲအတွင်း ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။

မြဝတီမြို့ မဲဂနယ်ရွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ရဲ့ သိန်းတန်ကုန်းစခန်းအား ဧပြီ ၁၁ ရက် ညနေက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကော်ဘရာစစ်ကြောင်းနဲ့ ကျားသစ်နက်စစ်ကြောင်းတို့ ပူးပေါင်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ ၂ မှ ရဲဘော် နှစ်ဦးကျဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲဘော်တဦးက ပြောပါတယ်။

ကျဆုံးခဲ့တဲ့ ရဲဘော်နှစ်ဦးစလုံးဟာ တော်လှန်ရေးအပေါ်ခံယူချက်ပြင်းထန်တဲ့ လူငယ်တွေဖြစ်ပြီး တိုက်ပွဲတိုင်း ပါဝင်ခဲ့ကြကြောင်း၊ အခုလို ကျဆုံးသွားတဲ့အတွက် အလွန်နှမြောမိတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း BGF အဖွဲ့ဘက်မှ  ၁၀ ဦး သေဆုံးခဲ့ပြီး  MA-1 ၁ လက်၊ M4 ၃ လက်၊ AK ၁ လက်၊ M22 ၁ လက်၊ ကာဘိုင် ၁ လက်၊ 40 မမ ဗုံးပစ်လောင်ချာ ၁ လက်၊ တူမီး ၁ လက်၊ ရှေ့ထွက်မိုင်း ၂ လုံးနဲ့အတူ ကျည်အိမ်တွေ၊ ကျည်ဆန်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲအတွင်း မြင့်မြတ်စွာ အသက်‌ပေးလှူခဲ့ရတဲ့ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ ၂ မှ ရဲဘော် နှစ်ဦးအား ထာဝရ အမှတ်ရ ဂုဏ်ယူနေမယ်လို့ ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013