DVB Logo
Home
မြန်မာသတင်း
သင်္ကြန်တွင် မျက်နှာဖုံးစွပ်ပြီး ရေမပက်ရန်၊ ဗြောက်အိုးမဖောက်ရန်၊ ကာမဆန္ဒနိုးကြွ စေသည့်ဆေးများ မရောင်းရန် တားမြစ်
DVB
·
April 12, 2023
သင်္ကြန်တွင် မျက်နှာဖုံးစွပ်ပြီး ရေမပက်ရန်၊ ဗြောက်အိုးမဖောက်ရန်၊ ကာမဆန္ဒနိုးကြွ စေသည့်ဆေးများ မရောင်းရန်  တားမြစ်
Donate to DVB

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ သင်္ကြန်ကာလအတွင်း မျက်နှာဖုံးစွပ်ပြီး ရေမကစားဖို့၊ ဗြောက်အိုးမဖောက်ဖို့၊ ကာမဆန္ဒနိုးကြွစေတဲ့ဆေးဝါးတွေမရောင်းချဖို့  စတဲ့စည်းကမ်းချက်တွေပါတဲ့ ဒေသန္တရအမိန့်ကို စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ပါတယ်။

သင်္ကြန်ရေကစားရာမှာ ဘေးအန္တရာယ်ဖြစ်စေမယ့် ရေဆိုး၊ ရေပုပ်တွေနဲ့ပက်တာ၊ ထိခိုက်အန္တရာယ်ရှိတဲ့ ပစ္စည်းတွေနဲ့ရေပက်ကစားတာ၊ ဆပ်ပြာရေနဲ့ပက်တာ၊ ရေမြှုပ် စပရေးဘူးတွေသုံးတာ၊ မျက်နှာဖုံးစွပ်ပြီး ရေကစားတာနဲ့ ရေခဲအိတ်နဲ့ ပစ်ပေါက်တာ တို့ကို တားမြစ်ထားပါတယ်။

အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေ၊ မဏ္ဍပ်တွေအနားနဲ့ လမ်းဘေးတို့မှာ တရားမဝင် အရက်ဘီယာ မူးယစ်ဆေး၊ ကာမဆန္ဒနိုးကြွစေတဲ့ဆေးဝါးတွေမရောင်းချဖို့နဲ့ တွေ့ခဲ့ရင် သက်ဆိုင်ရာကို သတင်းပို့တိုင်ကြားဖို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရေကစာမဏ္ဍပ်တွေထဲမှာ အများပြည်သူ အထိတ်တလန့်ဖြစ်စေမယ့် ဗြောက်အိုးဖောက်တာ၊ မီးရှူးမီးပန်းဖောက်တာမျိုးကို မလုပ်ကြဖို့နဲ့ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိပဲ ရေကစားကြဖို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူး မောင်သာစိန်ထုတ်ပြန်လိုက်တဲ့စာထဲမှာ သင်္ကြန်ကာလအတွင်း စစ်ကောင်စီအပေါ် ဂုဏ်သိက္ခာနဲ့ အကြည်ညိုပျက်စေမယ့် ပြေဆိုတာ၊ သီဆိုတာ၊ သံချပ်ထိုးတာ၊ လှုပ်ရှားတာတွေကို တိုက်ရိုက်ရော သွယ်ဝိုက်ပြီးတော့ပါမလုပ်ဖို့ တားမြစ်ထားပါတယ်။ 

နိုင်ငံတကာအလံတွေလွှင့်ထူတာ၊ ကိုင်ဆောင်တာမလုပ်ကြဖို့နဲ့ အသံချဲ့စက်တွေ ကျယ်ကျယ်လောင်လောင်မဖွင့်ကြဖို့လည်း ထုတ်ပြန်တားမြစ်ထားပါတယ်။

သံတွဲဒေသခံတယောက်က “စာကတော့ ဧပြီ ၆ ရက်နေ့ကထုတ်ထားတာ။ ဒီနေ့မှာမှ မြို့ထဲမှာ ကားနဲ့ပတ်ပြီးကြေညာတာပေါ့။ တချို့အချက်တွေကတော့ နှစ်တိုင်း ကြေညာနေကျတွေပဲ” လို့ ပြောပါတယ်။

သံတွဲမြို့ပေါ်မှာ အရင်နှစ်တွေကလို မဏ္ဍပ်တွေများများစားစားမရှိဘဲ ဆေးရုံရှေ့မှာ ဗဟိုမဏ္ဍပ်၊ ထောင်ရှေ့မှာ အကျဉ်းဦးစီးမဏ္ဍပ်တို့လောက်ပဲတွေ့ရတယ်လို့လည်း သူက ပြောပါတယ်။ ငပလီကမ်းခြေမှာတော့ ဖျော်ဖြေရေးမဏ္ဍပ်ရှိပြီး တချို့ဟိုတယ်တွေက မဏ္ဍပ်တွေလည်းရှိတယ်လို့ သိရပါတယ်။ 

သင်္ကြန်ပိတ်ရက်ကာလမှာ ငပလီကမ်းခြေကိုလာရောက်တဲ့ ဧည့်သည်တွေ များတာကြောင့် ကမ်းခြေမှာတော့ ထိုက်သင့်သလောက် သင်္ကြန်စည်ကားနိုင်ပေမယ့် သံတွဲမြို့ပေါ်မှာတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မစည်ကားတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ - ကိုသန်းဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013