DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ် ကညွတ်ကွင်းတံတားကြီးအနီး ပစ်ခတ်မှုဖြစ်
DVB
·
April 11, 2023
ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ် ကညွတ်ကွင်းတံတားကြီးအနီး ပစ်ခတ်မှုဖြစ်
Donate to DVB

ပဲခူးတိုင်းအရှေ့ ရန်ကုန်-မန္တလေး ကားလမ်းမဟောင်းပေါ် ဖြူးမြို့နယ်၊ ကညွတ်ကွင်းတံတားကြီး အနီးမှာ  ဧပြီ ၁၀ ရက် မနေ့မနက် ၅ နာရီကျော်ကစပြီး  စစ်ကောင်စီတပ်နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ခရီးသွားကားဆရာတစ်ဦးက "ပထမလက်နက်ငယ်အသံတွေ ၅ နာရီကျော်ကတည်းက စကြားရပြီး မိုင်းခွဲသံတွေလည်း ဆက်ကြားရပါတယ်။ တိုက်ပွဲက ၂ နာရီကျော်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ကားတွေလည်း နောက်ပြန်လှည့်ခဲ့ပါတယ်'' လို့ ပြောပါတယ်။

စစ်ကောင်စီဘက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်  ၅ ဦး သေဆုံးကာ ၃၂ ဦး ဒဏ်ရာရခဲ့ပြီး PDF ဘက်မှ တစ်ဦး ကျကာ ၂ ဦးဒဏ်ရာ (မစိုးရိမ်) ရခဲ့တယ်လို့  PDF တပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

မတ်လကစပြီး စစ်ကောင်စီတပ်နဲ့  PDF တပ်ဖွဲ့ဝင်တွေ စစ်တောင်းမြစ်အနောက်ဘက်ခြမ်း ဖြူး၊ ကျောက်တံခါး၊ ညောင်လေးပင်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ယနေ့အထိ ၁၂  ဦးသေဆုံးပြီး  ၄၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

PDF တပ်ဖွဲ့ဝင်တွေဘက်ကလည်း တဦးသေဆုံးပြီး  ဒဏ်ရာရသူတွေလည်းရှိခဲ့သလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ အမျိုးသား ၆ ဦးနဲ့  အမျိုးသမီး၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို သေဆုံးဒဏ်ရာရသူတွေ အရေအတွက်နဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013