DVB Logo
Home
မြန်မာသတင်း
ဘုံရန်သူစစ်ကောင်စီကိုအပြီးသတ်ချေမှုန်းရန်နှင့် ရခိုင်လူထုမျှော်မှန်းချက်ကိုအကောင်အထည်ဖော်ရန် အေအေကို NUG သဝဏ်လွှာပို့
DVB
·
April 10, 2023
ဘုံရန်သူစစ်ကောင်စီကိုအပြီးသတ်ချေမှုန်းရန်နှင့် ရခိုင်လူထုမျှော်မှန်းချက်ကိုအကောင်အထည်ဖော်ရန် အေအေကို NUG သဝဏ်လွှာပို့
Donate to DVB

ဘုံရန်သူစစ်ကောင်စီကို အပြီးသတ်ချေမှုန်းနိုင်ဖို့နဲ့  ရက္ခိုင့်တပ်တော် (အေအေ) အနေနဲ့  ရက္ခိုင်လူထုရဲ့ မျှော်မှန်းချက်တွေကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သဝဏ်လွှာပါးလိုက်ပါတယ်။ 

ဧပြီ ၁၀ ရက် ဒီကနေ့ ကျရောက်တဲ့ (၁၄) နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ အထိမ်းအမှတ်  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာက  ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့လိုက်တာ ဖြစ်ပါတယ်။

အခုအချိန်အခါမှာ ဘုံရန်သူစစ်ကောင်စီကို  အပြီးသတ်ချေမှုန်းနိုင်ဖို့ မိမိတို့အားလုံးအတူတကွ စုစည်းညီညွတ်စွာနဲ့ ရုန်းကန်ဖောက်ထွက်ကြိုးစားကြရမှာဖြစ်ပြီး  ရက္ခိုင့်တပ်တော်အနေနဲ့ ရက္ခိုင် ပြည်သူလူထုရဲ့ နိုင်ငံရေး၊ အမျိုးသားရေး မျှော်မှန်းချက်တွေကိုလည်း တပါတည်း အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း NUG က ဆုတောင်းပေးထားပါတယ်။

“ရက္ခိုင်ပြည်သူထူထု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် အပြည့်အဝရရှိရေးအတွက် ရက္ခိုင့်တပ်တော်ကို ဖွဲ့စည်းတည်ထောင်ပြီး တော်လှန်တိုက်ပွဲဝင်လာခဲ့သည်မှာ ယနေ့တွင် (၁၄) နှစ် တိုင်တိုင် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ရက္ခိုင်ပြည်သူလူထုနှင့် ထပ်တူထပ်မျှ ဝမ်းမြောက် ဂုဏ်ယူပါသည်။ (၁၄) နှစ်တာ တော်လှန်ရေး ခရီးကြမ်းအတွင်း အသက်၊ အိုးအိမ်၊ စည်းစိမ်၊ ကိုယ်လက်အင်္ဂါများ စွန့်လွှတ်ပေးလှူခဲ့ကြသော ရက္ခိုင့်အာဇာနည်သူရဲကောင်းများနှင့် ရက္ခိုင်ပြည်သူလူထုတရပ်လုံး ကိုလည်း လေးနက်စွာ အောက်မေ့ဦးညွှတ်အပ်ပါသည်။”လို့ NUG ရဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ရက္ခိုင့်တပ်တော်ကို ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်က ကချင်ပြည်နယ်  ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ စတင်တည်ထောင်ခဲ့ပြီး လက်ရှိမှာ အင်တားတောင့်တင်းခိုင်မာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့တဖွဲ့အဖြစ် ဖြစ်ရပ်တည်နိုင်ပြီဖြစ်ကာ  မြောက်ပိုင်း မဟာမိတ်တပ်တွေနဲ့ လက်တွဲလို့ စစ်အာဏာရှင်ပြုတ်ကျရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။

လက်ရှိ တိုင်းပြည်တဝန်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆင်နွှဲနေကြတဲ့ နွေဦး တော်လှန်ရေး ပြည်သူ့ခုခံတွန်းလှန်စစ်ဆင်ရာမှာ   ရက္ခိုင့်တပ်တော်ဟာ အဖိနှိပ်ခံ ပြည်သူလူထုနဲ့ တကွ အတူရပ်တည်ပြီး ဘုံရန်သူကို ပြင်းပြင်းထန်ထန် ခုခံတွန်းလှန်နေတဲ့ အပြင် တော်လှန်ရေးအင်အားစုတွေကို  လက်တွဲကူညီ ပံ့ပိုးပေးနေတယ်လို့ NUG က ပြောပါတယ်။

ရက္ခိုင့်တပ်တော်ရဲ့ ၁၄ နှစ် မြောက်အခမ်းအနားတွေကို မြန်မာပြည်တွင်း ရက္ခိုင့်တပ်တော် စစ်ဒေသအသီးသီးမှာလည်း ကျင်းပသလို  ထိုင်း၊ မလေးရှား၊ ဂျပန်စတဲ့ ပြည်ပနိုင်ငံတွေမှာလည်း ကျင်းပပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013