DVB Logo
Home
မြန်မာသတင်း
ကော်ဘရာနှင့် Venom စစ်ကြောင်း ပူးပေါင်း
DVB
·
April 10, 2023
ကော်ဘရာနှင့် Venom စစ်ကြောင်း ပူးပေါင်း
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ချေမှုန်းတိုက်ခိုက်နေတဲ့ ကော်ဘရာစစ်ကြောင်းနဲ့ Venom စစ်ကြောင်းတို့ ပူးပေါင်းခဲ့ကြပြီး လက်ရှိမှာတော့ စစ်ကြောင်း ၂ ကြောင်းနဲ့ ပြန်လည်ဖွဲ့စည်းထားတယ်လို့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၆ ရက်မှာ လာရောက်ပူးပေါင်းခဲ့ကြတာဖြစ်ပြီး ကော်ဘရာစစ်ကြောင်းရဲ့ ဖွဲ့စည်းပုံကိုတော့ စစ်ကြောင်း(၁)နဲ့ စစ်ကြောင်း(၂) ဆိုပြီး ပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ကာ ကော်ဘရာစစ်ဆင်ရေးမှူး - ဗိုလ်ဒါဘော၊ စစ်ကြောင်း(၁)စစ်ကြောင်းမှူး - ဗိုလ်စောကော်၊ စစ်ကြောင်း(၁)ဒုစစ်ကြောင်းမှူး - ဗိုလ်တွံတေး (ခ) စောဘလူ့ဒို့၊ စစ်ကြောင်း(၂)စစ်ကြောင်းမှူး - ဗိုလ်စောဝင်းမြင့်၊ စစ်ကြောင်း(၂)ဒုစစ်ကြောင်းမှူး - ဗိုလ်စောငြိမ်းချမ်းဝင်းတို့က တာဝန်ယူထားကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကော်ဘရာစစ်ကြောင်းဟာ နောင်လာမယ့် စစ်ဆင်ရေးတွေအတွက် “ငါတို့နိုင်မှာ” ကမ်ပိန်းကိုလည်း ပြုလုပ်နေပြီး လက်မှတ်တစောင်ကို မြန်မာငွေကျပ် ၅၀၀၀၀ နဲ့ ပါဝင်ထောက်ပို့နိုင်ဖို့ ဖိတ်ခေါ်ထား ပါတယ်။

ဒါဟာ တောင်ပိုင်းဒေသမှာ အခြေစိုက်ပြီး စစ်ကောင်စီတပ်တွေ သတိထားရတဲ့ စစ်ကြောင်းတစ်ခုဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းရဲ့ ပထမဆုံးကမ်ပိန်းဖြစ်ပါတယ်။ ဒီကမ်ပိန်းအစီစဉ်ကို  ကော်ဘရာနဲ့အတူ We Love Myanmar Family [ WLMF ] နဲ့ Ride Behind Kalaw [ RBK ] ထောက်ပို့အဖွဲ့စည်းတွေက ပူးပေါင်းစီစဉ်ကြပြီး နိုင်ငံပေါင်း ၂၀ ကျော်က NUG အစိုးရအသိမှတ်ပြု Fundraiser တွေ ပါဝင်အားဖြည့်ကူညီပေးကြမှာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒါ့အပြင် မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းကရော၊ မြေပြင်ကပါ တိုက်ခိုက်နေမှုတွေကို ရရာနည်းလမ်းနဲ့ ခုခံတိုက်ခိုက်ဖို့ရာမှာလည်း လက်နက်ရိက္ခာလိုအပ်ချက်တွေ ရှိနေသလို တပ်အင်အားတိုးချဲ့မှုလုပ်ငန်းတွေ၊ တိုက်ခိုက်ရေး မစ်ရှင်တွေမှာလည်း အာဏာရှင်ကို ဆန့်ကျင်တဲ့ တော်လှန်ပြည်သူတွေဘက်က တတ်အားသမျှ ထောက်ပံ့ကူညီနိုင်ရေးဟာလည်း အရေးပါနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013