DVB Logo
Home
မြန်မာသတင်း
၂ လအတွင်းတိုက်ပွဲများတွင် စစ်ကောင်စီဘက်က ၁၁၄ ဦးသေ၊ BGF စခန်း ၃ ခုကို သိမ်းပိုက်ဟု ကော်ဘရာ ထုတ်ပြန်
DVB
·
May 28, 2023
၂ လအတွင်းတိုက်ပွဲများတွင် စစ်ကောင်စီဘက်က ၁၁၄ ဦးသေ၊ BGF စခန်း ၃ ခုကို သိမ်းပိုက်ဟု ကော်ဘရာ ထုတ်ပြန်
Donate to DVB

ကရင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့  ပြီးခဲ့တဲ့ ၂ လတာတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က အရာရှိတွေအပါအဝင် ၁၁၄ ယောက် သေဆုံးခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ BGF စခန်း ၃ ခုကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ် ကြောင်း(၁)၊ ကော်ဘရာစစ်ကြောင်း(၂)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle၊ ရောင်နီ စတဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်မ(၄၄)၊ မ(၂)၊ ခလရ(၂၇၅)၊ ခမရ (၃၅၅)၊ လ (၈)၊ BGF၁၀၁၉ တပ်ရင်း၊  ခမရ(၁၁၈)၊ သင်္ကန်းညီနောင်ဗျူဟာတို့ကြား ၂ လကြာ ရင်ဆိုင်တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်နေခဲ့တာပါ။

အဆိုပါတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၁၂၉ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ၁၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ၆၀ မမပြောင်းရှည် ၁ လက်၊ ၆၀ မမပြောင်းတို ၁ လက်၊ ၄၀ မမ ၁ လက် အပါအဝင် လက်နက်မျိုးစုံ စုစုပေါင်း ၄၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ရဲဘော် ၁၁ ယောက် ကျဆုံးခဲ့ပြီး ၃၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒရုန်း ၄ စင်း ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါ တယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်တွေဘက်က မြေပြင်မှာ အထိအနာများတာ ကြောင့် လေကြောင်းတိုက်ခိုက်မှု ၂၂ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၁,၀၈၁ ကြိမ်ထိ ပစ် ခတ်ခဲ့ကြတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်က ရမ်းသန်းပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် ပြည်သူ တယောက် သေဆုံးကာ နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူပိုင်အဆောက်အဦး ၄၁ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013