DVB Logo
Home
မြန်မာသတင်း
အိုင်းမရွာနေအိမ် ၁၈ လုံးကို စစ်တပ်ကမီးရှို့၊ ဂန့်ဂေါအခြေခံပညာကျောင်းများကို NUG က ကျပ်သိန်း ၃၀၀ ကျော် ထောက်ပံ့
DVB
·
April 9, 2023
အိုင်းမရွာနေအိမ် ၁၈ လုံးကို စစ်တပ်ကမီးရှို့၊ ဂန့်ဂေါအခြေခံပညာကျောင်းများကို NUG က ကျပ်သိန်း ၃၀၀ ကျော် ထောက်ပံ့
Donate to DVB

မကွေးတိုင်း မြိုင်မြို့နယ် အိုင်းမကျေးရွာကို ဧပြီ ၈ ရက် မနက်မှာ စစ်တပ်က မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၈ လုံး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟေ ဧပြီ ၉ ရက် မနက်မှာ ညောင်အုပ်၊ ဖောင်းကွဲဘက်ကို ဝင်ရောက်ပြီး ညောင်အုပ်ရွာက နေအိမ်တအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကာ ညောင်အုပ်ဘုန်းကြီး ကျောင်းထဲမှာ ရှိ နေသေးတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းအပြင် မြိုင်နယ်အရှေ့ပိုင်း သံပုရာခြံရွာ နဲ့ အရှေ့တောင်ပိုင်း ဝက်ကျရွာဘက်တွေ မှာ စစ်​ကြောင်း ၂ ကြောင်း ဝင်မွှေနေကြတာလို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေကြောင့် ညောင်အုပ်၊ ဖောင်း ကွဲ၊ တဲကြီးယာ၊ တည်ပင်၊ တောင်ရွာ၊ သံပုရာ​ခြံ၊ ဝက်ကျရွာက ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ဝက်ကျရွာနဲ့ နှမ်းဆီကန်ရွာဘက်က စစ်ကြောင်းတွေမှာတော့ ဒေသခံပြည်သူတချို့ ပိတ်မိနေပြီး ဖမ်းဆီးခံရတဲ့ သူတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ လက်နက်ကိုင် တော်လှန်မှုများတဲ့ မကွေးတိုင်က ကျေးရွာတွေကို စစ်ကြောင်ထိုးပြီး မီးရှို့ ဖျက်ဆီးခဲ့လို အိမ်ခြေပေါင်း ၉၀၁၉ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ Data For Myanmar က မတ် ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ကြားကာလပညာရေး သင်ကြားနေတဲ့ အခြေခံပညာကျောင်းများကို အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပညာရေး ဝန်ကြီးဌာနက ကျပ် သိန်း (၃၀,၇၅၀,၀၀၀) ကျပ် သိန်း သုံးရာ ခုနှစ်သိန်း ငါးသောင်းကျပ် တိတိအား ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့၊ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဆီက ပြောပါတယ်။

"ကျောင်းသား / သူ အရေအတွက် ၅၀ ဦးကို တယူနစ် သက်မှတ်ပြီး၊ တယူနစ်ကို ကျပ် ၁၅၀,၀၀၀ ပေးပါတယ်ဗျ။ စုစုပေါင်း ၂၀၅ ယူနစ် ရှိတဲ့အတွက် ကျပ်သိန်း (၃၀,၇၅၀,၀၀၀) ပါ။" လို့ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင်ဦးက ပြောပါတယ်။

အဆိုပါ ထောက်ပံငွေ ပေးအပ်ပွဲကို ခရိုင် / မြို့နယ် ပညာရေး တာဝန်ခံများ၊ ပညာရေးဘုတ် တွဲဖက် အတွင်းရေးမှူး၊ ပညာရေးဘုတ် အဖွဲ့ဝင်တွေ၊ ကျန်းမာရေး တာဝန်ခံတွေ၊ ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်းမှူးနဲ့ ရပ်ကျေး ပအဖ၊ ပကဖ တွေနဲ့ ကျောင်း တာဝန်ခံတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013