DVB Logo
Home
မြန်မာသတင်း
ကေအန်ယူ တပ်မဟာ ၇ နယ်မြေတွင် တိုက်ပွဲဖြစ်ပြီး BGF စခန်းကုန်း ၂ ခု စီးနင်းခံရ၊ စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်
DVB
·
April 5, 2023
ကေအန်ယူ တပ်မဟာ ၇ နယ်မြေတွင် တိုက်ပွဲဖြစ်ပြီး BGF စခန်းကုန်း ၂ ခု စီးနင်းခံရ၊ စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်
1 / 3
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေ တပ်မဟာ ၇ ဒေသမှာ KNLA ပူးပေါင်းတော်လှန်ရေး အင်အားစုတွေနဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF တို့ တိုက်ပွဲပြင်းထန် ဖြစ်ပွားနေပါတယ်။

ဧပြီ ၅ ရက် ဒီနေ့မနက် ၅ နာရီလောက်က စပြီး KNLA၊ KNDO၊ KNU/KNLA PC၊ PDF တော်လှန်ရေးအင်အားစုတွေနဲ့ BGF တပ်ဖွဲ့တွေ တပ်မဟာ ၇ နယ်မြေ ထီးကောထော၊ သက္ကာရရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေကာ ရွှေကုက္ကိုလ်မြို့နဲ့ ၆ မိုင်ခန့်သာ ကွာဝေးတဲ့ နေရာတွေမှာ ဖြစ်ပွားနေတာပါ။

မွန်းတည့် ၁၂ နာရီလောက်က BGF စခန်းကုန်း ၂ ခုကို တော်လှန်ရေး အင်အားစုတွေဘက်က စီးနင်းထားနိုင်ပြီး စစ်ကောင်စီတပ်တွေဘက်ကလည်း လေကြောင်းတိုက်ခိုက်တာတွေ ၃ ကြိမ်ခန့်ရှိနေကာ ဒီတခါတိုက်ပွဲဖြစ်တာက တပ်မဟာ ၇ ဒေသမှာ ပထမဆုံး တိုက်ပွဲဖြစ်နေတာလို့ သိရပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ သွေးသောက်ကတိသစ္စာပြုပွဲ ပြုလုပ်ခဲ့ပြီး အဲဒီသစ္စာပြုပွဲမှာ NCA လက်မှတ်ထိုးထားတဲ့ KNU/KNLA PC ငြိမ်းချမ်းရေးကောင်စီက စောလက်ကိုင်၊ စောဘလို့နဲ့ ဗိုလ်ကျော်ဂလော့တို့ ပါဝင်ခဲ့ပြီး သိပ်မကြာခင်မှာပဲ အခုလို တိုက်ပွဲတွေ ဖြစ်ပွားလာတာလည်း ဖြစ်ပါတယ်။

ကရင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်ကနေ တိုက်ပွဲတွေ စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ မြဝတီမြို့ပေါ်နဲ့ သင်္ဃန်းညီနောင်မြို့တွေမှာ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး ပြည်သူတွေ ထောင်နဲ့ချီပြီး ထိုင်းဘက်ခြမ်းကို စစ်ဘေးရှောင်နေကြပါတယ်။

ဓာတ်ပုံ-BGFတပ်ဖွဲ့ဝင်အချို့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013