DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်နယ်တွင် ၃ လအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၂၆ ကြိမ်ပြုလုပ်
DVB
·
April 3, 2023
ကရင်နီပြည်နယ်တွင် ၃ လအတွင်း  စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၂၆ ကြိမ်ပြုလုပ်
Donate to DVB

၂၀၂၃ ခုရဲ့ ပထမ ၃ လအတွင်းမှာ ကရင်နီ(ကယား)ပြည်နယ်တွင်း စစ်ကောင်စီတပ်ကနေ လေကြောင်း တိုက်ခိုက်မှု ၁၂၆ ကြိမ်ပြုလုပ်ခဲ့တယ်လို့  တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF)က ဧပြီ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

အခုနှစ် ဇန်နဝါရီကနေ မတ်လအထိ ၃ လအတွင်းမှာ ကရင်နီဒေသအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂၆ ကြိမ်နဲ့  မြေပြင် တိုက်ပွဲပေါင်း ၁၀၆ ကြိမ်ဖြစ်ပွားခဲ့တာလို့  ဆိုပါတယ်။

အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခု မတ်လကုန်အထိ  လေကြောင်းတိုက်ခိုက်မှု ၃၁၀ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ၆၅၀ ကြိမ်ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီစစ်ရေး ပဋိပက္ခတွေအတွင်း သတ်ဖြတ်ခံရတဲ့ အရပ်သားပြည်သူ ၃၁၃ ဦး ရှိခဲ့ပြီး စစ်ရှောင်ရင်း သေဆုံးသွားသူ ၁၃၄ ဦးရှိကြောင်းလည်းဆိုပါတယ်။ ဒါ့အအပြင် ဘာသာရေးအဆောက်အဦး ၃၃ လုံးပျက်စီးခဲ့ရပြီး၊ လူနေအိမ် ၁၄၇၃ ဖြစ်ပွားခဲ့ကြောင်း PKPF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နှစ်နှစ်ကျော်အတွင်း တိုက်ပွဲတွေကြောင့်လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ ကရင်နီတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း ၂၅၂ ဦး သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်ကတော့  ၁၈၈၃  ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်း  ၂ နှစ်ကျော်ကာလအတွင်း ကရင်နီဒေသမှာ  မတရားဖမ်းဆီးခံရတဲ့ပြည်သူ ၂၇၉ ဦးရှိကြောင်း ထုတ်ပြန်ထားပါတယ်။ 

အဆိုပါ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိတဲ့အတွက် ထိခိုက်ဒဏ်ရာရ သေဆုံးသူအရေအတွက်ကို အတိအကျကို သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013