DVB Logo
Home
မြန်မာသတင်း
ရန်ကုန် အထည်ချုပ်စက်ရုံ လုပ်သားဈေးကွက်တွင် အလုပ်ရရန် ဝန်ဆောင်ခ ငွေကျပ်သောင်းချီ ပေးနေရ
DVB
·
March 31, 2023
ရန်ကုန် အထည်ချုပ်စက်ရုံ လုပ်သားဈေးကွက်တွင် အလုပ်ရရန်  ဝန်ဆောင်ခ ငွေကျပ်သောင်းချီ ပေးနေရ
Donate to DVB

ရန်ကုန်ရှိ အထည်ချုပ်စက်ရုံလုပ်သားတွေအနေနဲ့ အလုပ်လုပ်ခွင့်ရဖို့ ဝန်ဆောင်ခသဘောမျိုး ငွေကျပ်သောင်းချီပေးရတဲ့ စျေးကွက်ဖြစ်ပေါ်နေတယ်လို့  အထည်ချုပ် အလုပ်သမား အသိုက်အဝန်းကနေ သိရပါတယ်။

လက်ရှိမှာ စက်ရုံတွေကလူလိုရင် လိုင်းစူပါတွေက ခေါ်ပေးရတာမျိုးရှိနေပြီး တချို့က ရင်းနှီးသူတွေကို အခမဲ့ခေါ်ခန့်ပေးပေမယ့် တချို့ကတော့ ငွေပေးမှလက်ခံတာမျိုးတွေရှိနေတယ်လို့ ဆိုပါတယ်။

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)မှ တာဝန်ရှိသူတစ်ဦးက "လက်ရှိမှာ အလုပ်သမားတစ်ယောက်ကို နှစ်သောင်း၊ သုံးသောင်းပေး ရတာမျိုးတွေရှိနေတယ်။ အအဲဒီလိုစျေးကွက်က သီးခြားရှိနေတာ"လို့ ပြောပါတယ်။

အဲဒီလိုငွေတောင်းခံမှုတွေရှိတာကြောင့် ပေးဖို့မတတ်နိုင်သူတွေအနေနဲ့ အရည်အချင်းနဲ့ အင်တာဗျူး တိုက်ရိုက်ဝင်နိုင်ဖို့အတွက်သာ ကြိုးစားနေရတယ်လို့ လက်ရှိအထည်ချုပ် အလုပ်ရှာနေသူတစ်ဦးက ဆိုပါတယ်။

"ပိုက်ဆံနိုင်ရင် အလုပ်ရဖို့က သေချာသလောက်ရှိတာပေါ့။ ကိုယ်က လမ်းစရိတ်တောင်အ အနိုင်နိုင်ဆိုတော့ အင်တာဗျူးခေါ်တဲ့ဆီတွေပဲ စုံစမ်းပြီးလိုက်လျှောက်နေရတာ။” 

လက်ရှိမှာ စက်ရုံပိတ်သိမ်းတာ၊ အလုပ်သမားအင်အားလျှော့တာတွေကြောင့် အလုပ်လက်မဲ့ ဦးရေ နေ့စဥ်တိုးပွားနေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းကာလမှာ အထည်ချုပ်ကဏ္ဍအပါအဝင် လုပ်ငန်းအသီးသီးကနေ အလုပ်အ ကိုင်မဲ့သွားသူ ၁သန်းခွဲလောက်ရှိခဲ့တယ်လို့  အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)ကလည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013