DVB Logo
Home
မြန်မာသတင်း
မယ်ခါးထာ့စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံး၊ ၇ ဦးဒဏ်ရာရရှိ
DVB
·
March 30, 2023
မယ်ခါးထာ့စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံး၊ ၇ ဦးဒဏ်ရာရရှိ
Donate to DVB

ထိုင်း-မြန်မာနယ်စပ်  ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ကေအန်ယူ တပ်မဟာ ၅ နယ်မြေ သံလွင်မြစ် ကမ်းပေါ်ရှိ မယ်တရိထာ(ခေါ်) မယ်ခါးထာ့စစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှုအတွင်း စစ်ကောင်စီဘက်က ၁၆ ဦး သေဆုံးကာ ၇ ဦးဒဏ်ရာရခဲ့တယ်လို့ KNU မူတြော်က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ မယ်ခါးထာ့စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က မတ် ၂၈ ရက် မနက်က  ၄၅ မိနစ်ကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သား ၇ ဦးထဲက ၅ ဦးဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ကူးခတ်လွတ်မြောက်သွားပြီး  ထိုင်းတော်ဝင်တပ်မတော်က နီးစပ်ရာ ထိုင်းပြည်သူ့ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စခန်းသိမ်းပိုက်မှုအတွင်း စစ်ကောင်စီရဲ့ လက်နက်မျိုးစုံဖြစ်တဲ့ MA-1, MA-2, MA-4, RPG-7, ၆၀ မမ စိန်ပြောင်း၊ စက်လတ်နဲ့ စနိုက်ပါ စုစုပေါင်း ၂၃ လက်နဲ့ ကျည် ၃၃၆၀ တောင့်အပြင် ဆက်သွယ်ရေးစက် ၂ လုံး၊ စကားပြောစက် ၂ လုံး၊ ဖုန်း ၂ လုံး၊ ဓာတ်ခဲဘူး ၄ ဘူးနဲ့ စစ်ဘောင်းဘီ ၂ ထည် သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲအတွင်း KNLA နဲ့  FFD ပူးပေါင်းတပ်ဘက်က ၁ ဦး ကျဆုံးပြီး ၈ ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ ဖော်ပြပါတယ်။

မယ်တရိထာ(ခေါ်)မယ်ခါးထာ့စခန်းဟာ ယခင် KNLA၊ တပ်ရင်း ၂၀ အခြေစိုက်ရာဒေသဖြစ်ကာ ၁၉၉၅ ခုနှစ် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုဌာနချုပ်-မာနယ်ပလောကျဆုံးအပြီး အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်သိမ်းယူထားတာလို့ ဆိုပါတယ်။

သော်လဲထကျေးရွာနဲ့ မျက်နှာချင်းဆိုင် သံလွင်မြစ်ဘက်ကမ်းက စစ်ကောင်စီတပ်စခန်းအပါအဝင် ဒါးကွင်၊ မယ်ခါးထာ့စခန်းတွေဟာ ၁၉၉၅ ခု ဒီကေဘီအေ ငြိမ်းချမ်းရေးယူပြီး နောက်ပိုင်း အဆိုပါဒေသတွေထဲကို စစ်တပ်တွေက ဝင်ရောက် နေရာယူခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013