DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်၌ ပတ်စ်ပို့လုပ်ရန် ငွေကုန်ပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရ
DVB
·
March 29, 2023
ကချင်ပြည်နယ်၌  ပတ်စ်ပို့လုပ်ရန်  ငွေကုန်ပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရ
Donate to DVB

ကချင်ပြည်နယ်မှာ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့လုပ်ဖို့ လျှောက်ထားရာမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသလို အေးဂျင့်တွေကို ကျပ်ငွေသိန်းချီ ပေးနေရတယ်လို့ မြစ်ကြီးနား မြို့ခံတွေထံက သိရပါတယ်။ 

မြစ်ကြီးနားမြို့ရှိ၊ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ထုတ်ပေးရေးရုံးခွဲမှာ မေလ ၁၃ ရက်အထိ တိုကင်ပြည့်နေတယ်လို့ သိရပြီး ပတ်စ်ပို့လုပ်သူတွေက အလျင်လိုမှုအပေါ် မူတည်ကာ ငွေကျပ် ၁ သိန်းခွဲကနေ ၃ သိန်းထိ ပေးရတာရှိတယ်လို့ အေးဂျင့်တဦးဆီက စုံစမ်းသိရှိရပါတယ်။

အေးဂျင့်တွေနဲ့ နီးစပ်သူတဦးက “မေလ ၁၃ ရက်နေ့ထိ တိုကင်နံပါတ် ပြည့်နေပါပြီ။ မေလ ၁၃ ရက် နောက်ပိုင်းအတွက် ဆိုရင်တောင် ဧပြီလ ၃ ရက်နေ့လောက် ကတည်းက နာမည်စာရင်းသွင်းထားရမှာပါ” လို့ ပြောပါတယ်။

ပတ်စ်ပို့အသစ်လုပ်ရင် တရားဝင် ရုံးသွင်းငွေ ၆၅၀၀၀ ခွဲလောက်ပေးရတယ်လို့လည်း သိရပါတယ်။ 

ပတ်စ်ပို့ရုံးတွေ ပိတ်တော့မယ်လို့ သတင်းရတုန်းက ပတ်စ်ပို့လုပ်နေဆဲသူတွေဟာ အေးဂျင့်နဲ့ ဆက်သွယ်ပြီး လုပ်တာတောင် မနက်အစောကြီးတန်းစီရပြီး ၂ ရက်လောက် တနေကုန် စောင့်လုပ်ခဲ့ရတာလို့ သိရပါတယ်။ 

ပွဲစားနဲ့ တခြားသူတွေ ရုံးထဲဝင်ခွင့်မရဘဲ အေးဂျင့်ကတဆင့်ပဲ လုပ်ရတာ အဆင်အပြေဆုံးလို့ မြစ်ကြီးနားဒေသခံက ပြောပါတယ်။

“ပတ်စ်ပို့ရုံးတွေ ပြန်ဖွင့်တဲ့အချိန်မှာ တိုကင်စနစ်ဖြစ်သွားပြီး တန်းစီလို့လည်း မရဘူးထင်လို့ အေးဂျင့်နဲ့ပဲ လုပ်လိုက်တာ။ ၂၀ ရက်နေ့လောက်ရမယ် ပြောတာပဲ။ ခုထိမရသေးဘူး” လို့ မတ်လ ဒုတိယပတ်ထဲမှာပဲ အေးဂျင့်နဲ့ ဆက်သွယ်လုပ်ခဲ့သူတဦးက ပြောပါတယ်။

မတ်လ ၂၇ ရက် တော်လှန်ရေးနေ့ ရုံးပိတ်ရက်ပြီးနောက်တရက်မှာ ပတ်စ်ပို့လုပ်ဖို့ လာသူတဦးကလည်း “ခု နာမည်စာရင်းသွင်းလို့မရဘူး။ ၄ လပိုင်း ၃ ရက်နေ့မှ ပြန်လာဖို့ပြောတယ်” လို့ ပြောပါတယ်။

PJ လာထုတ်တာ၊ တလကျော်လောက် လုပ်ရတယ်ပြီး အရင်တခေါက်အသုတ်ထဲ မပါလို့။ ဒီနေ့လာစောင့်တာလို့ ရုံးအပြင်မှာ စောင့်ဆိုင်းနေသူတဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်အများစုဟာ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းမရှိလို့ အိမ်နီးချင်းပြည်ပနိုင်ငံတွေကို နည်းမျိုးစုံနဲ့ ထွက်ခွာဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013