DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးနေ့တွင် စစ်ခေါင်းဆောင်၏ ခေါင်းပြတ်ပုံစံ အစီအရင်များဖြင့် ကျိန်စာတိုက်
DVB
·
March 27, 2023
တော်လှန်ရေးနေ့တွင် စစ်ခေါင်းဆောင်၏ ခေါင်းပြတ်ပုံစံ အစီအရင်များဖြင့် ကျိန်စာတိုက်
1 / 4
Donate to DVB

မတ်လ ၂၇ ရက်မှာ ကျရောက်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ခေါင်းပြတ်ပုံစံတွေ၊ ကျဆုံးပြည်သူတွေကို မြှုပ်ထားတဲ့မြေမှုန်တွေနဲ့ အစီအရင်တွေပြုလုပ်ပြီး၊ အပြင်းထန်ဆုံး ကျိန်စာတိုက်ခဲ့တယ်လို့  ရန်ကုန်မြို့က တော်လှန်ရေးအဖွဲ့တဖွဲ့ကပြောပါတယ်။

YRF အဖွဲ့ရဲ့ တာဝန်ရှိသူက “အစီအရင်တွေကိုတော့ ကျနော်တို့ ရန်ကုန်မြို့မှာပဲ လုပ်ခဲ့တာပါဗျ။ စီမံပေးတဲ့သူတွေ ပြောတဲ့အတိုင်း မင်းအောင်လှိုင်ရဲ့ မွေးနေ့နံထောင့်ရယ်၊ ကမ်းနားတခုမှာ နေဝင်ချိန်တခုရယ်နဲ့ အမှိုက်ပုံတခုရယ်တွေမှာ သူအကြံပေးထားတဲ့အတိုင်း လုပ်ဆောင်ခဲ့တာပါ။ ပြည်သူတွေကိုတော့ ကျနော်တို့အနေနဲ့ ဒီပုံထဲမှာ ကျနော်တို့နင်းထားတာကတော့ အကြမ်းဖက်ခေါင်းဆောင်ရဲ့ ခေါင်းအစစ်မဖြစ်သေးပါဘူး။ ဒါပေမဲ့ အစစ်ဖြစ်အောင် အတူကြိုးစားတိုက်ပွဲဝင်ကြဖို့ ပြောချင်ပါတယ်” လို့ပြောပါတယ်။

ဒီအစီအရင်တွေကို  စစ်ကောင်စီတပ်သားတွေ နေပြည်တော်မှာကျင်းပနေတဲ့ စစ်ရေးပြအခမ်းအနားတွေနဲ့ သူတို့စစ်တပ်ရဲ့ ကျဆုံးချိန်၊ နေ၀င်ချိန်ကို ရည်ရွယ်ကာ စီမံလုပ်ဆောင်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

YRF အဖွဲ့ရဲ့ တာဝန်ရှိသူက “သူတို့တုန်းက 'ခေတ်ကိုပြောင်းချင် ခေါင်းကိုပစ်'  ယတြာနဲ့ လက်နက်မဲ့ ဆန္ဒပြပြည်သူတွေအ​ပေါ် ရက်စက်စွာ အကြမ်းဖက် နှိမ်နင်းစေခဲ့တဲ့ အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း သူ့လိုမျိုး တန်ပြန်ယတြာနဲ့ စီရင်ပြီး သူ့ကိုနံပြန်နှိမ်တာဖြစ်ပါတယ်။ သူတို့စစ်ကောင်စီတပ်နဲ့အတူ မင်းအောင်လှိုင်ပါ အသေဆိုးနဲ့ သေဖို့အတွက် တတ်ကျွမ်းနားလည်တဲ့ ပညာသည်တွေရဲ့ အကူအညီနဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်”လို့ ပြောပါတယ်။

အဲဒီအစီအရင်ပစ္စည်း မင်းအောင်လှိုင်ခေါင်းပြတ်ကို အကြမ်းဖက်စစ်တပ်ကြောင့် ကျဆုံးသွားတဲ့ ပြည်သူ ကိုးဦးတို့ကို မြှုပ်နှံထားတဲ့ နေရာတွေက မြေမှုန်တွေနဲ့ ကိုးရက် ကိုးညတိုင်တိုင် အဓိဋ္ဌာန်ပြု စီရင်ထားတာဖြစ်ပြီး၊ မင်းအောင်လှိုင် ခေါင်းပြတ်ကို မင်းအောင်လှိုင်ရဲ့ မွေးနံထောင့်မှာ န၀င်းကိုက်ထားရှိကာ ကျိန်စာတကာ့ကျိန်စာတို့မှာ အကြမ်းဆုံး ဆိုတဲ့ “မင်းနန်သူ ကျိန်စာ” အစီအရင်နဲ့ သက်စေ့ရွတ်ဖတ် ကျိန်ဆိုခဲ့ကြတာပါ။

နေ၀င်ချိန်တခုမှာ  မင်းအောင်လှိုင် ခေါင်းပြတ်ကို မင်းအောင်လှိုင်နဲ့ ဓာတ်တူနံသက်တူတဲ့ အရပ်က အမှိုက်ပုံတခုတွင် သွားရောက်ချထားကာ အညာမှ ဒေသခံပြည်သူတဦးကဲ့သို့ ၀တ်စားထားတဲ့ YRF ရဲဘော်တဦးက ခုံဖိနပ်နဲ့ နင်းချေပြီး အစီအရင်ကို အောင်မြင်စွာ အဆုံးသတ်ခဲ့တာလို့ YRF  က တာ၀န်ခံက ပြောပါတယ်။

အခုလို လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ကလည်း  အညာမှာ  အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီး မီးရှို့ သတ်ဖြတ်ခံနေရတဲ့ အညာပြည်သူတွေရဲ့ ခံစားနေရသော ခံစားချက်များရဲ့  အဆပေါင်းများစွာကို သူတို့တန်ပြန် ခံစားစေရန် ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ နေပြည်တော်မှာ ပြုလုပ်တဲ့  စစ်ရေးပြအခမ်းအနားမှာ NUG ၊PDF နဲ့ အားပေးကူညီထောက်ပံ့တဲ့ EAOs တွေကိုပါ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမယ်လို့ ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013