DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးအင်အား အများအပြား ထုတ်သုံးရသည့် နှစ် ၈၀ မြောက် တော်လှန်ရေးနေ့
DVB
·
March 29, 2025
အမျိုးသမီးအင်အား အများအပြား ထုတ်သုံးရသည့် နှစ် ၈၀ မြောက် တော်လှန်ရေးနေ့
Donate to DVB

၁၀၂၇ စစ်ဆင်ရေးမတိုင်ခင် တော်လှန်ရေးနေ့ (တပ်မတော်နေ့) စစ်ရေးပြရာမှာ အမြောက်တွေ  တင့်ကားတွေ ဟောင်ဝစ်ဆာတွေနဲ့ ထုတ်ပြလေ့ရှိခဲ့တဲ့ စစ်ခေါင်းဆောင်အနေနဲ့ မတ် ၂၇ ရက်က ပြုလုပ်တဲ့ နှစ် ၈၀ မြောက်တော်လှန်ရေးနေ့အခမ်းအနားမှာ အမျိုးသမီးစစ်သည်တွေ အများအပြား ထုတ်သုံးရတဲ့အနေအထားကို တွေ့ရပါတယ်။

နေပြည်တော်မှာပြုလုပ်တဲ့ နှစ် ၈၀ မြောက်တော်လှန်ရေးအခမ်းအနားကို ချီတက်အလေးပြုခဲ့တဲ့  စစ်ကြောင်း ၇ ကြောင်းထဲမှာ အမျိုးသမီးစစ်ကြောင်း ၃ ကြောင်းပါပြီး တပ်ခွဲအနေနဲ့ ၁၃ ခွဲအထိ ပါပါတယ်။

အရင်ကလို စစ်လက်နက်ပစ္စည်းတွေထုတ်ပြနိုင်ခြင်းမရှိတော့တဲ့ အပြင် စစ်ရေးပြအမျိုးသမီးတပ်ခွဲတွေ ပိုများလာနေတာပါ။ 

“၁၀၂၇ စစ်ဆင်ရေးမှာ စစ်တပ်က ဘယ်လောက်ကုန်သွားလဲဆိုတော့ စစ်လက်နက်ပစ္စည်း ယာဉ်တန်းတောင် မထည့်နိုင်ဘူး၊  နာမည်ကြီး အောင်ဇေယျစစ်ကြောင်းဆိုရင် အမျိုးသမီးတွေချည်းပဲ နခခရဲတွေ ဘယ်လောက်မှာ သေလဲမသေလဲဆိုရင် ရဲကိုယ်စားပြု အောင်ဆန်းစစ်ကြောင်းမှာလည်း ရဲမေတွေချည်းပဲ မိန့်ခွန်းသေချာနားထောင်ရင် မင်အောင်လှိုင်စကားတွေက ပလုံးပထွေးနဲ့။” 

စစ်ကြောင်းတကြောင်းမှာ အရာရှိ၊ စစ်သည် ၁၀၀ နီးပါးပါဝင်တဲ့ အလံတော်အဖွဲ့၊ တိုင်းစစ်ဌာနချုပ်၊ ခြေလျင်ခြေမြန်၊ လက်ရုံးတပ်နဲ့ ဘင်ခရာအဖွဲ့ ၈ ဖွဲ့ပါဝင်ပြီး အဲ့ဒီအဖွဲ့တွေကို စစ်ကြောင်းမှူး ဗိုလ်မှူးချုပ်တယောက်က ဦးဆောင်တာ ဖြစ်ပါတယ်။

ချီတက်အလေးပြုခဲ့တဲ့ စစ်ကြောင်းတွေမှာ ဗိုလ်မှူးချုပ် ရဲကျော်ကျော်ဦးဆောင်တဲ့ အနော်ရထာစစ်ကြောင်း၊ ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး ဦးဆောင်တဲ့ ကျန်စစ်သားစစ်ကြောင်း၊ ဗိုလ်မှူးချုပ် အောင်နိုင်ဦးဆောင်တဲ့ ဘုရင့်နောင်စစ်ကြောင်း၊ ဗိုလ်မှူးချုပ် ဇော်ဟိန်းကြိုင် ဦးဆောင်တဲ့ အောင်ဇေယျစစ်ကြောင်း၊ ဗိုလ်မှူးချုပ် ဇော်ဝင်းထွန်း ဦးဆောင်တဲ့ ဆင်ဖြူရှင်စစ်ကြောင်း၊ ဗိုလ်မှူးချုပ် ညီညီဝင်း ဦးဆောင်တဲ့ ဗန္ဓုလစစ်ကြောင်းနဲ့ ရဲမှူးချုပ် မောင်မောင်ဦး ဦးဆောင်တဲ့ အောင်ဆန်းစစ်ကြောင်းတွေပဲ ဖြစ်ပါတယ်။

၂၀၂၃ ခု မတ် ၂၇ ရက်မှာ ပြုလုပ်တဲ့ ၇၈ မြောက်တော်လှန်ရေးနေ့မှာ စစ်ခေါင်းဆောင်က စစ်လက်နက်တွေအများအပြား ထုတ်ပြခဲ့ပြီးနောက်  ၁၀၂၇ စစ်ဆင်ရေးမှာ MNDAA၊ TNLA၊ AAနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တိုင်းစစ်ဌာနချုပ် ၂ ခုနဲ့ တပ်စခန်း ၁၀၀ ကျော်ကို သိမ်းယူခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013