DVB Logo
Home
မြန်မာသတင်း
"ကရင်နီစစ်ရေးနှင့် နိုင်ငံရေးအရွေ့" စကားဝိုင်း အားလုံးပါဝင် ဆွေးနွေးနိုင်
DVB
·
March 26, 2023
"ကရင်နီစစ်ရေးနှင့် နိုင်ငံရေးအရွေ့" စကားဝိုင်း အားလုံးပါဝင် ဆွေးနွေးနိုင်
Donate to DVB

"ကရင်နီစစ်ရေးနှင့် နိုင်ငံရေးအရွေ့" စကားဝိုင်းကို လာမယ့် မတ် ၂၉ ရက်ညပိုင်းမှာ ကျင်းပသွားဖို့ရှိနေပြီး အားလုံးပါဝင် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

ဒီစကားဝိုင်းကိုတော့ စည်းရိုးပရောဂျက်အဖွဲ့သားတွေက စီစဉ်ပြီး ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)ရဲ့ဥက္ကဋ္ဌ  ကရင်နီပြည်နယ် အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ခွန်းဘီထူး၊ KNDF ဒုစစ်ဦးစီးချုပ်မာဝီနဲ့ ကရင်အမျိုးသမီးအစည်းအရုံးက ဆရာမနော်ဆဲဆဲတို့က ပါဝင်ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

ကရင်နီပြည်ကတော့ နွေဦးတော်လှန်ရေးကာလ ၂ နှစ်ကျော်အတွင်း တိုက်ပွဲအရှိန်တွေ ပြင်းထန်နေတဲ့ ဒေသတခုဖြစ်ကာ ပြီးခဲ့တဲ့ မတ် ၁၆ ရက်တုန်းကတော့ ကရင်နီ (ကယား) ပြည်နယ်၊ သံလွင်အရှေ့ခြမ်းရှိ  စစ်ကောင်စီစစ်တပ် ခလရ ၁၃၅ ရှေ့တန်းစခန်းကို ကရင်နီ ကွန်မန်ဒိုတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ကရင်နီကွန်မန်ဒိုတပ်ဖွဲ့က အဆိုပါ စခန်းကို မတ် ၁၆ ရက်နေ့ ညနေ ၅ နာရီကနေ ၆ နာရီအထိ တနာရီကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး အလောင်း ၃ လောင်း၊ လက်နက်ခဲယမ်းတွေနဲ့ ဆက်သွယ်ရေးစက်ကြီး တလုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒီးမော့ဆိုမြို့နယ်ထဲမှာ မတ် ၂၀ ရက်ကနေ ၂၃ ရက်အထိ ၄ ရက်တာအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်တွေဘက်က အရာရှိတွေအပါအဝင် အယောက် ၉၀ ကျော် သေဆုံးပြီး ၅၀ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ ကရင်နီဒေသက တပ်ရင်းတွေအတွက် ထုတ်လုပ်ရေးစရိတ်လိုအပ်ချက်တွေ ရှိနေသလို ထောက်ပံ့ကူညီနိုင်ရေးအတွက် စည်းရိုးပရောဂျက်ကိုလည်း လုပ်ဆောင်နေပါတယ်။

အခုပြုလုပ်မယ့် "ကရင်နီစစ်ရေးနှင့် နိုင်ငံရေးအရွေ့" စကားဝိုင်းမှာတော့ ဘာကြောင့် စည်းရိုးပရောဂျက်မှာ ပါဝင်သင့်တာလဲ၊ ကရင်နီနဲ့ စစ်ရေးရဲ့ နိုင်ငံရေးက ဘယ်ကို ရွေ့နေပြီလဲ၊ ကရင်နီရဲ့ စစ်ရေး၊ နိုင်ငံရေးအရွေ့က တနိုင်ငံလုံးအတွက် ဘယ်လောက်ထိ အရေးပါလဲစတဲ့ မေးခွန်းတွေကို အချက်အလက်နဲ့ အတွေ့အကြုံတွေကို ကိုးကားပြီး ဖြေကြားပေးသွားမယ်လို့ ဆိုပါတယ်။

စည်းရိုးပရောဂျက်မှာ ပါဝင်ထောက်ပံ့လိုတယ်ဆိုရင်တော့ ဖော်ပြပါ တရားဝင် ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာ - https://www.facebook.com/permalink.php?story_fbid=pfbid02CCA6Y1JkCHJtm99u2KZMPcDMHGP2xCowkLG8kvLLWjTM3nH1VuGJbK63YkYDWEZ2l&id=100090713422974 ကတဆင့် နိုင်ငံတကာက ကိုယ်စားလှယ်အသီးသီးနဲ့ ဆက်သွယ်ကူညီနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013