DVB Logo
Home
မြန်မာသတင်း
မသမာသည့်နည်းဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲလျှင် အရေးယူမည်ဟု YESC သတိပေး
DVB
·
March 25, 2023
မသမာသည့်နည်းဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲလျှင် အရေးယူမည်ဟု YESC သတိပေး
Donate to DVB

မသမာတဲ့ နည်းလမ်းနဲ့ လျှပ်စစ်ဓာတ်အား တရားမဝင်သုံးစွဲမှုတွေ ရှိနေတဲ့အတွက်  မြို့နယ်အလိုက် ကွမ်းဆင်းစစ်ဆေးပြီး  အရေးယူသွားမယ်လို့  ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က  ထုတ်ပြန်သတိပေးထားပါတယ်။

တရားမဝင် ဓာတ်အားသုံးစွဲသူတွေကြောင့် ဓာတ်အားပျောက်ဆုံးမှုတွေ၊ ဗို့အားကျဆင်းမှုတွေ၊ ထရန်စဖော်မာတွေမှာ ဝန်အားမနိုင်နင်းမှုကြောင့် လောင်ကျွမ်းပျက်စီးမှုတွေ ဖြစ်တဲ့အပြင်   လျှပ်စစ်ကဏ္ဍမှာ ဝင်ငွေ လျော့နည်းကျဆင်းမှုတွေ  ဖြစ်ပေါ်နေစေတဲ့အတွက် သက်ဆိုင်ရာ မြို့နယ်အလိုက် အဖွဲ့နဲ့ ကွင်းဆင်းစစ်ဆေးပြီး အရေးယူဆောင်ရွက်သွားမယ်လို့ YESC က ထုတ်ပြန်ထားတာပါ။

လျှပ်စစ်ဓာတ်အားကို ခိုးယူသုံးစွဲတာ၊ ဆင့်ပွားဓာတ်အားဆက်သွယ်အသုံးပြုတာ၊ အထွေထွေ အိမ်သုံးမီတာ၊ အိမ်တွင်းသုံးပါဝါမီတာကနေ စီးပွားရေးလုပ်ငန်းလုပ်ကိုင်တာ၊ အသေးစားစက်မှု လက်မှုလုပ်ငန်းတွေမှာ ခွင့်ပြုဝန်အားထက် ပိုမိုသုံးစွဲတာ၊ မီတာအမျိုးမျိုးကို ပြုပြင်ပြီး ဓာတ်အားခိုးယူသုံးစွဲတာ၊  လျှပ်စစ်ဓာတ်အားအသုံးမပြုဖို့ ကန့်သတ်တားမြစ်ထားတဲ့အချိန်မှာ ဓာတ်အားရယူပြီး စက်မှုလက်မှုလုပ်ငန်းတွေမှာ အသုံးပြုတာ၊ လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် အလှည့်ကျ ဓာတ်အားပိတ်ထားတဲ့ အချိန်မှာ မိမိသဘောနဲ့  လျှပ်စစ်ဓာတ်အားကို ရယူပြီး စက်မှုလက်မှုလုပ်ငန်းတွေမှာ အသုံးပြုတာ အပါအဝင်  နည်းလမ်း ၁၁ ခုနဲ့  လျှပ်စစ်ဓာတ်အားကို တရားမဝင်သုံးစွဲမှုတွေ ပြုလုပ်နေကြတယ်လို့ YESC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနည်းလမ်းတွေထဲက တခုခုကို ဖောက်ဖျက်ကျူးလွန်ကြောင်း စစ်ဆေးဖော်ထုတ်တွေ့ရှိရင်  မီးသုံးစွဲသူ ကာယကံရှင်နဲ့အတူ ပူးပေါင်းကြံစည်ပါဝင် လုပ်ဆောင်သူတွေကိုပါ ဓာတ်အားဖြတ်တောက်တာ လျော်ကြေးငွေကို တပ်ဆင်ဝန်အားအရ တွက်ချက်တောင်းခံတာ စတဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေပုဒ်မ ၅၂၊ ၅၃ အရလည်း အမှုဖွင့် တရားစွဲဆိုသွားမယ်လို့  ဆိုထားပြီး ပြစ်မှုထင်ရှားကြောင်း စီရင်ခြင်းခံရရင် ငွေဒဏ်အပြင် အနည်းဆုံးငါးနှစ်ကနေ အများဆုံးဆယ်နှစ်အထိ ထောင်ဒဏ်ချမှတ်ခံရမယ်လို့လည်း  YESC က သတိပေးထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013