DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်တွင် ကျပ်သိန်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
March 24, 2023
ဘူးသီးတောင်တွင် ကျပ်သိန်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ ငမြင်းဘော်(ခမီး)ကျေးရွာမှာ ကျပ်သိန်း ၇၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ၊ စီးကရက်ဖာတွေနဲ့အတူ လူ ၉ ဦးကို မတ်လ ၂၃ ရက် မနက် ၁၀ နာရီလောက်က ဖမ်းဆီးရမိခဲ့တယ်လို့ ဘူးသီးတောင်နယ်မြေ နယ်ခြားစောင့်တပ် တာဝန်ရှိသူတွေထံက သိရပါတယ်။

“သတင်းအရ နယ်မြေခံတပ်ရင်းက သွားရောက်ဖမ်းဆီးခဲ့ကြတာ။ ဆိုင်ကယ် ၆ စီးနဲ့ လူက ၉ ဦး၊ ဆိုက်ကယ်တွေမှာ စီးကရက်ဖာတွေတင်ပြီး ငမြင်းဘော်ရွာက ထွက်ခွာလာကြတာ။ စီးကရက်ဖာထဲမှာ မူးယစ်ဆေးဝါးတွေ ရှာဖွေဖမ်းဆီးရမိခဲ့ကြတာ။”

ORIS နဲ့ MOND တံဆိပ်ပါ စီးကရက်ဖာ ၃၅ ဖာ တင်ဆောင်မောင်းနှင်လာကြတဲ့ လိုင်စင်မဲ့ဆိုင်ကယ် ၆ စီးကို သတင်းအရ နယ်မြေခံရဲတပ်ရင်းမှ ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါ ဆေးလိပ်ဖာအတွင်းမှ ကာလတန်ဖိုး ကျပ်သိန်း ၆၀၀ ရှိ WY/R စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ပြားနဲ့ ကာလတန်ဖိုး ကျပ် ၁၇၅ သိန်းကျော်တန်ဖိုးရှိ စီးကရက်တောင့် ၁,၇၅၀ တောင့် ဖမ်းဆီးရမိခဲ့တာပါ။

ဖမ်းဆီးရမိသူတွေမှာ မောင်တောမြို့နယ်၊ မြဝတီကျေးရွာနေ ခင်မောင်ဦး (၂၄ နှစ်) (ဘ) ဦးရန်မောင်၊ မောင်လှသိန်း (ခ) ထွန်းထွန်းမောင် (၂၁ နှစ်) (ဘ) ဦးအေးထွန်းမောင်၊ ခင်မောင်သန်း (၂၀ နှစ်) (ဘ) ဦးလှဝင်းမောင်၊ သိန်းလှိုင် (၂၃ နှစ်) (ဘ) ဦးရိုင်းဆောင်၊ မောင်တောမြို့နယ်၊ ခုံတိုင်ကျေးရွာနေ မေရှိုင်း (၁၇ နှစ်) (ဘ) ဦးကံပူး၊ ချစ်လှိုင် (၂၃ နှစ်) (ဘ) ဦးအောင်ဘော်၊ အောင်အောင် (၂၅ နှစ်) (ဘ) ဦးဟုံတွဲ၊ နိုင်ဦး (၁၉ နှစ်) (ဘ) ဦးရန်ရုံးနဲ့ ခမောင်းဆိပ်ကျေးရွာနေ ကိုင်ဝေ (၃၈ နှစ်) (ဘ) ဦးဇင်ပွဲတို့ဖြစ်ကြကြောင်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။

“သူတို့ရဲ့ ကွင်းဆက်တရားခံတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ စစ်ဆေးနေတယ်” လို့ တာဝန်ရှိသူတဦးက ဆိုပါတယ်။

ဖမ်းဆီးမိတဲ့ တရားခံ‌တွေနဲ့ မူးယစ်ဆေးဝါးတွေကို သက်ဆိုင်ရာကို လွှဲပြောင်းအပ်နှံထားပြီး ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေကြောင်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013