DVB Logo
Home
မြန်မာသတင်း
ကရင်နီစစ်ရှောင်စခန်းများသို့ Clean Yangon အဖွဲ့က သွားရောက်ဆေးကုပေး
DVB
·
March 24, 2023
ကရင်နီစစ်ရှောင်စခန်းများသို့   Clean Yangon အဖွဲ့က သွားရောက်ဆေးကုပေး
Donate to DVB

ကရင်နီဒေသမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို ရွေ့လျားဆေးခန်း (Mobile Clinic) အခမဲ့ ကုသတာနဲ့ အခြေခံလိုအပ်ချက်တွေကို Clean Yangon အဖွဲ့က ဖြည့်ဆည်းပေးနေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ 

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတွေက သက်ကြီးရွယ်အို တွေ ကလေးငယ်တွေနဲ့ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကျန်းမာရေးပိုင်းဆိုင်ရာအဆင်ပြေစေဖို့ ရည်ရွယ်ပြီး ရွေ့လျားဆေးခန်းကို တပတ်မှာ ၃ ရက်ကနေ ၄ ရက်အထိ သွားရောက် ကုသပေးတယ်လို့ Clean Yangon ကတာဝန်ရှိသူ ကိုဇေယျာထွန်းက ပြောပါတယ်။

ကရင်နီပြည်နယ်ထဲမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အခမဲ့ ရွေ့လျားဆေးခန်း ပြုလုပ်ပေးတာအပြင် စားနပ်ရိက္ခာမျှဝေတာ ပညာရေးဆိုင်ရာ အထောက်အကူပြုတာနဲ့ နေထိုင်ဖို့အိမ်တွေဆောက်လုပ်ပေးတာအပါအဝင်  ကလေးငယ်တွေအတွက်လည်း စိတ်ဓာတ် ခွန်အား မျှဝေပေးတာနဲ့ အာဟာရဒါန ကျွေးမွေးတောတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ 

ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင် ကလေးငယ်အများစုဟာလည်း စိတ်ဒဏ်ရာတွေရနေတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ကုစားမှုတွေကို ပြုလုပ်ပေးဖြစ်တယ်လို့ Clean Yangon မှ မသဥ္ဇာအေးက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ဘေးရှောင် အရေအတွက်တစ်သိန်းကျော်ထိ ကူညီပေးခဲ့ပြီး တစ်အိမ်ထောင် ကို ပျမ်းမျှ ငွေကျပ် ၂၀၀၀၀ နှုန်းနဲ့ ဆန်၊ ဆီ ၊ဆား၊ ရိက္ခာနဲ့ အသုံးပြုဖို့ရေကိုလည်း  စစ်ရှောင်စခန်းတွေကို လှူဖြစ်တယ်လို့ သိရပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကရင်နီပြည်နယ်က စစ်ဘေးရှောင်ပြည်သူ ၂ သိန်းကျော်ရှိနေပြီး ရေရှားပါးမှုကြောင့် အရေပြားရောဂါဖြစ်ပွားမှုဒဏ်ကိုလည် ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013