DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ရှိ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများကို ငွေကျပ် သိန်း ၁၀,၀၀၀ ကျော် ထုတ်ချေး
DVB
·
March 24, 2023
ရခိုင်ပြည်နယ်ရှိ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများကို ငွေကျပ် သိန်း ၁၀,၀၀၀ ကျော် ထုတ်ချေး
Donate to DVB

ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရခိုင်ပြည်နယ်အတွင်း ၁၀ မြို့နယ်ရှိ   ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေကို  ငွေကျပ် သိန်း ၁၀၀၀၀ ကျော် ထုတ်ချေးပေးနေတယ်လို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူက ပြောပါတယ်။

စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူ၊ သံတွဲ၊ ဂွ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင်၊ မြေပုံနဲ့ မင်းပြား မြို့နယ်တို့မှာ ရေလုပ်ငန်းနဲ့  အသက်မွေးဝမ်းကြောင်းပြုနေကြရတဲ့ ကျေးရွာပေါင်း ၁၈ ရွာကို ချေးငွေထုတ်ချေးပေးသွားမယ်လို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။

"ချေးငွေရယူလိုတဲ့  ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေ အနေနဲ့ သူတို့ရဲ့ သက်ဆိုင်ရာ ကျေးရွာ၊ မြို့နယ်တွေက ကော်မတီအဖွဲ့တွေကတဆင့် ငါးလုပ်ငန်းဦးစီးဌာနကို တင်ပြပြီး ချေးယူနိုင်ကြ ပါတယ်။"လို့ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

အခုလို ချေး​ငွေ ထုတ်ချေးတာဟာ ငါးလုပ်ငန်းလုပ်ကိုင်နေကြသူတွေအတွက် အရင်းအနှီး တခု ရဖို့ မတည် ထုတ်ချေးပေးတဲ့ သဘောဖြစ်ပြီး ထိုချေးငွေဟာ တရွာနဲ့ တရွာ မတူသလို အိမ်ခြေအရေအတွက်အပေါ်မူတည်ပြီး ထုတ်တာလို့ တာဝန်ရှိသူက ဆိုပါတယ်။

"ဥပမာ- အိမ်ခြေ ၅၀ ရှိတဲ့ရွာဆိုရင် သိန်း ၂၀၀၊  အိမ်ခြေ ၁၀၀ အထက်ဆိုရင် သိန်း ၆၀၀၊ အိမ်ခြေအလိုက် ထုတ်ချေးပေးသွားရမှာပါ။"

ချေးငွေတွေကို ငါးဖမ်းသမားတွေ၊ ပုဇွန်မွေးမြူရေးလုပ်ကိုင်သူတွေနဲ့ တပိုင်တနိုင် ငါးဖမ်းသူတွေ အပြင် ရေလုပ်ငန်းနဲ့ ပတ်သက်လုပ်ကိုင်သူအားလုံးကို  ငွေကျပ် တစ်သိန်းအား တလ အတိုးနှုန်း ၅၀၀ ကျပ်နဲ့ ထုတ်ချေးနေတာလည်းဖြစ်ပါတယ်။

ရခိုင်ပြည်အတွင်း မြစ်ချောင်းတွေကို မှီခိုနေတဲ့ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေဟာ ငါးဖမ်းဆီးရရှိမှု နည်းပါးလာတာ၊ ရေလုပ်ငန်းသုံးပစ္စည်းတွေ ဈေးနှုန်းမြင့်တက်တာတို့ကြောင့် ရေလုပ်ငန်းကို စွန့်ခွာကာ ပြည်ပနိုင်ငံတွေကို ထွက်ခွာခဲ့ကြသလို တချို့မှာလည်း လုပ်ငန်း ရပ်နားထားကြရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013