DVB Logo
Home
မြန်မာသတင်း
သထုံနှင့် ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံရ
DVB
·
March 23, 2023
သထုံနှင့် ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံရ
Donate to DVB

မွန်ပြည်နယ်၊ သထုံနဲ့ ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို မနေ့ မတ် ၂၂ ရက်မှာ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဘက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီကနေ သိရပါတယ်။

သထုံမြို့နယ် ပိန္နဲတောကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရှေ့တန်းစခန်းကို မတ် ၂၂ ရက် မနက် ၁၁ နာရီလောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။

တဆက်တည်း အဲဒီနေ့ ညနေ ၄ နာရီခွဲလောက်မှာ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၂၀၇ နဲ့ အမှတ် ၃၁၀ အမြောက်တပ်ကို KNLA ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးနဲ့ ထပ်မံ သွားရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုမှာ ဒရုန်းနဲ့ လက်နက်ကြီးတွေဟာ စစ်ကောင်စီတပ်စခန်းတွေအတွင်း ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက်စုံစမ်းနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သထုံခရိုင် မိတ်ဘက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ KNLA ပူးပေါင်းတပ်ဖွဲ့ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၁ ရက်ကလည်း ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်မ ၄၄ ဌာနချုပ်ကို KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့သလို အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ငှက်ပျောတောကျေးရွာနဲ့ အနီးပတ်ဝန်းကျင် ကျေးရွာထဲကို လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၄၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013