DVB Logo
Home
မြန်မာသတင်း
PDF စစ်ကြောင်း ၉ ကြောင်းမှ ရဲဘော်များ လက်နက်ကြီးအခြေခံနှင့် မွမ်းမံသင်တန်းဆင်း (ဓာတ်ပုံ)
DVB
·
March 22, 2023
PDF စစ်ကြောင်း ၉ ကြောင်းမှ ရဲဘော်များ လက်နက်ကြီးအခြေခံနှင့် မွမ်းမံသင်တန်းဆင်း (ဓာတ်ပုံ)
1 / 7
Donate to DVB

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ကြောင်း ၉ ကြောင်းက ရဲဘော်တွေကို ပို့ချတဲ့ လက်နက်ကြီးအခြေခံနှင့် မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ဒီကနေ့ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီသင်တန်းကိုတော့ NUG အစိုးရ၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ နဲ့ ဒေါနစစ်ကြောင်းတို့ ဦးစီးပြီးတော့ သင်ကြားပို့ချပေးခဲ့တာဖြစ်ပြီးတော့ ရဲဘော်တွေကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့တာလို့ ဆိုပါတယ်။

သင်တန်းဆင်း ရဲဘော်တယောက်က “ကျနော်တို့ရဲ့ တရားသော စစ်ကိုဆင်နွှဲနေသော ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF နဲ့ ပူးပေါင်းစစ်ကြောင်းတွေရဲ့ စစ်ဆင်ရေးအရ မဟာဗျူဟာမြောက် တိုက်ခိုက်ချေမှုန်းတဲ့ တိုက်ပွဲတွေမှာ  အကြမ်းဖက်စစ်ကောင်စီတပ်ဟာ လက်နက်ကြီး ပစ်ကူတွေ၊ လေကြောင်းပစ်ကူတွေနဲ့ အဆမတန်ရမ်းသန်းပစ်ခတ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ထိုးစစ်တွေကို ခုခံနေရကြောင်းကို အရင်တိုက်ပွဲတွေမှာ မြေပြင်အခြေအနေတွေအရ တွေ့ရတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေကို လက်နက်ကြီးစထိမှန်ခဲ့သလို သေဆုံးခဲ့မှု တွေလည်းရှိခဲ့ပြီး စစ်ကောင်စီတပ်သားတွေက အရပ်သားပစ်မှတ်တွေကို စစ်ဆင်ရေးအဖြစ် ပစ်ခတ်တိုက်ခိုက်နေပါတယ်။ ခုလို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အတွင်းမှာ လက်နက်ကြီးပစ်ခတ်မှုတွေ၊ လက်နက်ကြီးနဲ့ သက်ဆိုင်တဲ့ ခဲယမ်းတွေကို ကိုင်တွယ်အသုံးပြုမှုတွေကို မွမ်းမံသင်ကြားခွင့်ရတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ကြောင်းများဟာ ပူးတွဲစစ်ဆင်ရေးဆောင်ရွက်တဲ့အခါ စစ်ကောင်စီ ဒေါက်တိုင်များစွာကို တိတိကျကျ ချေမှုန်းနိုင်ဖို့အတွက် စွမ်းဆောင်ရည်ပိုမိုတိုးမြှင့်ကောင်းမွန်လာတဲ့အတွက် တာဝန်ရှိသူတွေကို ကျေးဇူး အထူးတင်ရှိပါတယ်” လို့ ပြောပါတယ်။

NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃ မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက စတင်ပြီးတော့ စစ်ဆင်ရေးဆောင်ရွက်တဲ့အခါ နိုင်ငံတကာလူသားချင်းဆိုင်ရာ ဥပဒေ(IHL) သင်တန်းတွေ သင်ကြားပေးတာ၊ လက်နက်၊ ခဲယမ်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ကြောင်းအလိုက် တပ်ဆင်ဖြည့်ဆည်းပေးတာ၊ လက်နက်ကြီးသင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

ဒါ့အပြင်PDF ရဲဘော်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည် အရှိန်အဟုန်တိုးမြင့်စေဖို့အတွက် မွမ်းမံသင်တန်းတွေကို အဆက်မပြတ် လေ့ကျင့်သင်ကြားပေးတာ၊ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိတဲ့ ရဲဘော်တွေနဲ့ တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်ကောင်စီ သုံ့ပန်းတွေကို လူသားချင်းစာနာထောက်ထားမှုနဲ့ ဆေးကုသပေးနိုင်ဖို့အတွက် စစ်မြေပြင်ဆေးတပ်သား သင်တန်းကို သင်ကြားပေးတာတွေကိုလည်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့် အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013