DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ တပ်မ ၄၄ ဌာနချုပ် တိုက်ခိုက်ခံရ၊ကျိုက်ထိုနှင့် ဘီးလင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
DVB
·
March 21, 2023
စစ်ကောင်စီ တပ်မ ၄၄ ဌာနချုပ် တိုက်ခိုက်ခံရ၊ကျိုက်ထိုနှင့် ဘီးလင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
1 / 3
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီ တပ်မ ၄၄ ဌာနချုပ်ကို ဒီနေ့ မတ် ၂၁ ရက် မနက် ၁၀ နာရီခွဲလောက်မှာ ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကေအန်ယူ သထုံခရိုင် မိက်ဘက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်မ ၄၄ ဌာနချုပ်ဝင်းအတွင်းရှိ ဌာနချုပ်ရုံးနဲ့ တပ်မမှူးနေအိမ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံး ၈ လုံးချပြီး တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုမှာ ဗုံး ၃ လုံးဟာ ဌာနချုပ်ရုံးနဲ့ တပ်မမှူးနေအိမ်အပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးမှု အခြေအနေကို ဆက်လက်စုံစမ်းနေတယ်လို့ KNU သထုံခရိုင် မိက်ဘက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ပြောပါတယ်။

ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ကရင်အမျိုးသားအစည်းရုံး တပ်မဟာ-၁ နယ်မြေ ကျိုက်ထိုမြို့နယ် ငှက်ပျောတောကျေးရွာနဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး နေ့လယ် ၂ နာရီခွဲလောက်မှ ပစ်ခတ်မှု ရပ်နားသွားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မ ၄၄ ဌာနချုပ်ကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့တဲ့အတွက် ကျိုက်ထို-ကင်းမွန်ချောင်းကားလမ်း ပိတ်ဆို့နေသလို နေ့လယ် ၃ နာရီအထိ သွားလာလို့ မရသေးဘူးလို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၆ ရက်ကလည်း မော်လမြိုင်အခြေစိုက် စစ်ကောင်စီ စစ်ဌာနချုပ်တခုဖြစ်တဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် အဆောက်အဦတလုံး ထိခိုက်ပျက်စီးထားပါတယ်။

မတ်၂၀ ရက် ည ၇ နာရီ ၁၅ မိနစ်မှာ ကျိုက်ထိုမြို့နယ်၊ ဘီလင်းသံတားဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်က မတ်၂၀ ရက် ည ၇ နာရီ ၁၅ မိနစ်မှာ လက်နက်ကြီး  ပစ်ခတ်ခဲ့တာကြောင့် ကရဝေးဆိပ်ကျေးရွာ အလယ်အပိုင်းမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျည်ဟာ ဦးအောင်လွင် နေအိမ်ပေါ်ကို ကျရောက်ထိမှန်ခဲ့ပြီး လက်နက်ကျည်ဆန် ထိမှန်ခဲ့တဲ့ ဦးကုလားမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဦးအောင်လွင်က ဒဏ်ရာရရှိကာ ဘီးလင်းဆေးရုံ ကို ပို့ဆောင်စဥ် လမ်းမှာ သေဆုံးခဲ့ရသလို သူ့ရဲ့အမျိုးသမီးကိုယ်ဝန်သည်မှာလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြေမွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ ဘီလင်းသံတားဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်က မတ်၂၀ ရက် ည ၇ နာရီ ၁၅ မိနစ်မှာ လက်နက်ကြီး  ပစ်ခတ်ခဲ့တာကြောင့် ကရဝေးဆိပ်ကျေးရွာ အလယ်အပိုင်းမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျည်ဟာ ဦးအောင်လွင် နေအိမ်ပေါ်ကို ကျရောက်ထိမှန်ခဲ့ပြီး လက်နက်ကျည်ဆန် ထိမှန်ခဲ့တဲ့ ဦးကုလားမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဦးအောင်လွင်က ဒဏ်ရာရရှိကာ ဘီးလင်းဆေးရုံ ကို ပို့ဆောင်စဥ်လမ်းမှာ သေဆုံးခဲ့ရသလို သူ့ရဲ့အမျိုးသမီးကိုယ်ဝန်သည်မှာလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကရဝိတ်ဆိပ်၊ ငှက်ပျောတော၊ ဇီးကုန်းရွာနဲ့အနီးအနားက ရွာတွေက ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ မကြာခဏ တိုက်ပွဲဖြစ် ပွားနေတာကြောင့် ကရဝိတ်ဆိပ်၊ ငှက်ပျောတော၊ ဇီးကုန်းရွာနဲ့အနီးအနားက ရွာတွေက ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ မကြာခဏ တိုက်ပွဲဖြစ် ပွားနေတာပါ။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာတော့ ကရဝေးဆိပ်ကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ သထုံခရိုင် PDF တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ သံတံတားစစ်ဆေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က မနေ့ မတ် ၂၀ ရက်နေ့ မနက် ၁၀ နာရီမှာ တစ်ကြိမ်၊ ညနေ ၆ နာရီမှာ တစ်ကြိမ် ဒရုန်းနဲ့ နှစ်ကြိမ် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုပြီးနောက် ဘီးလင်းမြို့နယ် အခြေစိုက် စစ်ကောင်စီ အမှတ် ၃၁၀ အမြောက်တပ်ရင်းကနေ ကရဝေးဆိပ်ကျေးရွာထဲကို လက်နက်ကြီးနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာပါ။

လက်နက်ကြီးကျည်ဟာ ကရဝေးဆိပ်ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အသက် ၅၄ နှစ်အရွယ် ဦးကုလား ပွဲချင်းပြီး သေဆုံးခဲ့သလို အသက် ၃၅ နှစ်အရွယ် ဦးအောင်လွင်မှာလည်း လက်နက်ကြီးဒဏ်ရာကြောင့် ဘီးလင်းဆေးရုံကနေ ရန်ကုန်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းမှာပဲ သေဆုံးသွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ ဦးကုလားရဲ့ အသက် ၅၂ နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်ပိုမှာလည်း လက်နက်ကြီးကျည် နဖူးရှပ်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အတွက် ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်းထားတယ်လို့ သိရပါတယ်။

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ စစ်ကောင်စီတပ်ဟာ သူတို့ တပ်စခန်းတွေ တိုက်ခိုက်ခံရတိုင်း အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာလို့ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၈ ရက်နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ဘီးလင်းမြို့နယ် အဝန်းကြီးကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၅ နှစ်အရွယ် မောင်သကြား ကျည်ထိမှန်သေဆုံးထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်ထဲမှာတော့ စစ်ကောင်စီတပ်ဟာ ၂၀၂၃ နှစ်ဆန်းပိုင်းကစပြီး စစ်ကြောင်းထိုးတာ မရှိတော့ပေမယ့် ကျေးရွာတွေထဲကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013