DVB Logo
Home
မြန်မာသတင်း
မိုင်းဖုန်းဆရာတော် တနင်္သာရီတိုင်း ကော့သောင်းသို့ ကြွရောက် (ဓာတ်ပုံ)
DVB
·
March 21, 2023
မိုင်းဖုန်းဆရာတော် တနင်္သာရီတိုင်း ကော့သောင်းသို့ ကြွရောက် (ဓာတ်ပုံ)
1 / 14
Donate to DVB

ရှမ်းတိုင်းရင်းသားတွေအများစု ကြည်ညိုကိုးကွယ်တဲ့ မိုင်းဖုန်းဆရာတော်ဟာ မတ်လ ၂၀ ရက်  ညနေပိုင်းက တနင်္သာရီတိုင်း ကော့သောင်းမြို့ကို ကြွချီလာပါတယ်။

ဆရာတော်ဟာ ထိုင်းတောင်ပိုင်း ရနောင်းမြို့ကတဆင့် ဒကာတို့စီစဉ်ပေးတဲ့ ရေယာဉ်နဲ့ ကော့သောင်းမြို့ကို ညနေ ၄ နာရီကျော်မှာ ကြွရောက်လာပြီး ကော့သောင်းမြို့နယ် တာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖ၊ ပြည်သူတွေက သောင်းဆိပ်ကမ်းမှာ သွားရောက်ကြိုဆိုခဲ့ကြပါတယ်။ 

အဲဒီနောက် ဆရာတော်ဟာ ကော့သောင်းမြို့ အထင်ကရ‌ပြည်တော်အေးစေတီကို သွားရောက်ဖူးမြော်အပြီး အဏ္ဏဝါရပ်ကွက်ထဲရှိ မဉ္စူသကမြို့တော်ခန်းမမှာ အပူဇော်ခံ သီလပေးခဲ့တယ်လို့ ကော့သောင်းဒေသခံ ကိုဇေယျာစိုးက ပြောပါတယ်။ 

“လာဖူးတဲ့လူတွေကတော့ ခန်းမအပြည့်ပါပဲ။ ဆရာတော်က ကျနော်တို့ဆီကို ပထမဆုံးအကြိမ် ကြွလာတာလေ။ ဆရာတော်ကို အရင်က အင်တာနက်ပေါ်မှာပဲမြင်ဖူးတယ်၊ အခု ကိုယ်တိုင်ဖူးမြော်ရတော့ ဝမ်းသာပါတယ်။  ဆရာတော် လာမယ်ဆိုတာကို ကြိုတင်မသိလို့ မလာလိုက်ရတဲ့လူတွေလည်းအများကြီးပါဘဲ။”

ဆရာတော်ကို ကော့သောင်းမြို့ မျက်နှာဖုံးသူဌေးတွေက ပင့်ဖိတ်လာတာဖြစ်ပြီး လမ်းတလျှောက်မှာ လုံခြုံရေးတွေလည်း အပြည့်ချထားတယ်လို့ ဆိုပါတယ်။  ဒီကနေ့မှာတော့ ဆရာတော်ဟာ ကော့သောင်းမြို့နယ် ညောင်ဦးဖီးကျွန်းကို သွားရောက်ခဲ့ပါတယ်။ 

မိုင်းဖုန်းဆရာတော်ရဲ့ ခုတခေါက် သာသနာပြုခရီးစဉ်မှာ ထိုင်းနိုင်ငံ ချင်းရိုင်း၊ ချင်းမိုင်၊ နယ်စပ်ရှိ RCSS ဌာနချုပ်လွိုင်တိုင်းလျန်း၊ မဲ့စရိန်း၊ မယ်ဟောင်ဆောင်၊ မဲဆောက်၊ မြဝတီ (မြန်မာ)၊ ဘန်ကောက်၊ ရနောင်းနဲ့ ကော့သောင်းတို့ ရောက်ရှိပြီး ကချင်ပြည်နယ်ဘက် ခရီးဆက်မယ်လို့ ဒကာတွေကနေတဆင့် သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013