DVB Logo
Home
မြန်မာသတင်း
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မေလ ၂၃ ရက်နေ့ စတင်ကျောင်းအပ်လက်ခံမည်
DVB
·
March 21, 2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မေလ ၂၃ ရက်နေ့ စတင်ကျောင်းအပ်လက်ခံမည်
Donate to DVB

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းတွေနဲ့ တက္ကသိုလ်ကောလိပ်တွေရဲ့  ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေ ၂၃ ရက်(အင်္ဂါနေ့) က စတင်မယ်လို့   စစ်ကောင်စီရဲ့ ပညာရေးဌာနက သိရပါတယ်။

ကျောင်းအပ်နှံရေးသီတင်းပတ်ကို နှစ်စဉ် မေလနောက်ဆုံးပတ်ဖြစ်တဲ့ ၂၅ ရက်မှာ စတင်လေ့ ရှိပေမဲ့ လာမယ့်ပညာသင်နှစ်မှာတော့ ၂ ရက်စောကာ မေ ၂၃ ရက်ကနေ ၈ ရက်တိုင်တိုင် ကျောင်းအပ်လက်ခံမယ်လို့ဆိုပါတယ်။

လာမယ့်နှစ်မှာ ကျောင်းအပ်နှုန်းက အခုနှစ်ထက် ပိုများလာမှာနဲ့ ကျောင်းမဖွင့်နိုင်သေးတဲ့ နေရာတွေ ကျောင်းဖွင့်နိုင်ဖို့နဲ့ ကျောင်းအပ်နှုန်းတွေ ပိုတိုးလာဖို့ လမ်းညွှန်ထားတယ်လို့  စစ်ကောင်စီ ပညာရေးဌာနက တာဝန်ရှိသူ တဦးက ပြောပါတယ်။

လာမယ့်ပညာသင်နှစ်မှာ ယခုပညာသင်နှစ်မှာ တက်ရောက်တဲ့ ကျောင်းသားကျောင်းသူ ၇ သန်းကျော်ထက် ပိုမိုများပြားတဲ့ ကျောင်းသားကျောင်းသူအရေအတွက်ကို စစ်ကောင်စီက မျှော်မှန်းထားပါတယ်။

မေလမှာ Grade-12 နဲ့ Grade-9 စနစ်သစ် သင်ရိုးသစ်ဗဟိုအဆင့်သင်တန်းတွေကို တက္ကသိုလ်တွေက ပါမောက္ခ၊ တွဲဖက်ပါမောက္ခတွေက တက်ရောက်ကြရမှာဖြစ်ပြီး သင်တန်းပြီးပါက တက္ကသိုလ်အလိုက် သတ်မှတ်ထားတဲ့ခရိုင်၊ မြို့နယ်တွေက အခြေခံပညာ အထက်တန်းပြ ဆရာ၊ ဆရာမတွေကို ဆင့်ပွားပို့ချသင်ကြားပေးဖို့ စီစဉ်ထားပါတယ်။

အဆင့်မြင့်ပညာ တက္ကသိုလ်တွေမှာလည်း ပထမနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား/ ကျောင်းသူ တွေအနေနဲ့ ၂၀၂၃ ခုနှစ် မေ ၂၃ ရက်က စတင်ကာ သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေကို ဆက်သွယ်သတင်းပေးပို့ဖို့နဲ့ ဒုတိယနှစ်နဲ့ အထက် ကျောင်းသား/ကျောင်းသူ တွေဟာ မေ ၂၃ ရက်ကစပြီး ကျောင်းအပ် လက်ခံဖို့ လျာထားတယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးခံကျောင်းသားကျောင်းသူတွေကို ထောက်ရှုသောအားဖြင့် စစ်ကောင်စီအလိုကျ ပြန်ဖွင့်တဲ့ ကျောင်းတွေကို မတက်ကြဘဲ CDMလုပ်ကြဖို့နဲ့ စစ်ကျွန်ပညာရေးကို ဆက်ပြီးသပိတ်မှောက်ကြဖို့ ကျောင်းသားများသမဂ္ဂက တိုက်တွန်းတောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013