Home
မြန်မာသတင်း
ပြည်တွင်းခရီးသွားများမလာသဖြင့် ရေးမြို့နယ်ရှိ ဧည့်ရိပ်သာလုပ်ငန်းများ အရှုံးပေါ်နေ
DVB
·
March 16, 2023
335425036_240723228312742_2420434520620687191_n
335230552_6407921635939223_7785420352018716414_n
335656552_684725026793442_4981686918172824099_n
335429788_1643994036031892_4220088890609442924_n

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ခရီးသွားတွေ လာရောက်တာမရှိတဲ့အတွက် ဟိုတယ်၊ မိုတယ်၊ ဧည့်ရိပ်သာလုပ်ငန်းတွေ အရှုံးပေါ်နေပြီး လုပ်ငန်းအများစု ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ ဟိုတယ်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

အရင်က အခုလို မြန်မာ့အတာသင်္ကြန်ကာလ နီးကပ်လာပြီဆို ခရီးသွားတွေ၊ စီးပွားရေးသမားတွေ၊ ကုမ္ပဏီဝန်ထမ်းတွေ ဝင်ရောက်မှုကြောင့် အခန်းတွေ မလုံလောက်တာနဲ့ပါ ကြုံရတယ်လို့ ဟိုတယ် မိုတယ် ဧည့်ရိပ်သာလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

ကိုဗစ်ကာလကတည်းက ဟိုတယ် မိုတယ် ဧည့်ရိပ်သာလုပ်ငန်းတွေ စီးပွားရေးကျဆင်းလာသလို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီနေ့အထိပါ ပြည်တွင်းခရီးသွားတွေ မသွားလာကြတဲ့အတွက် ဟိုတယ်လုပ်ငန်းတွေ နာလန်မထူနိုင်ကြသေးဘူးလို့ ဟိုတယ်လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

အခု ရေးမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားပြီးတဲ့နောက် ခရီးသွားတွေ ပိုပြီးမလာကြတော့ဘဲ စျေးသည်တွေကအစ အလုပ်လက်မဲ့ပြဿနာနဲ့ ကြုံနေရပြီး စားဝတ်နေရေး ထိခိုက်လာနေတယ်လို့ စျေးသည်တယောက်က ပြောပါတယ်။

ခရီးသွားတွေဟာ မွန်ပြည်နယ်ထဲက တန်ခိုးကြီး သမိုင်းဝင်ဘုရားတွေ၊ ပင်လယ်ကမ်းခြေတွေဘက်ကို အဓိက သွားလာလည်ပတ်ကြပြီး အတာသင်္ကြန် အကြိုကာလဆို ထောင်နဲ့ချီ လာရောက်ခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024