DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းမြို့က စစ်ဘေးဒုက္ခသည်အချို့ နေရပ်ပြန်
DVB
·
March 16, 2023
နမ့်ခမ်းမြို့က စစ်ဘေးဒုက္ခသည်အချို့ နေရပ်ပြန်
1 / 2
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့က ၁၀ နှစ်ကျော်ကြာ တိုက်ပွဲရှောင်ခဲ့ကြရတဲ့ စစ်ဘေးဒုက္ခသည်တချို့ မတ်လ ၁၅ ရက်နေ့က နေရပ်ပြန်နိုင်ကြပြီလို့ နေရပ်ပြန်ရေး အကူအညီပေးခဲ့တဲ့ မုံးမောဝ်ဇုန်နယ် ကချင်နှစ်ခြင်းအသင်းတော်များ အဖွဲ့ဆီက သိရပါတယ်။

အကူအညီပေးခဲ့တဲ့ မုံးမောဝ်ဇုန်နယ် ကချင်နှစ်ခြင်း အသင်းတော်များအဖွဲ့မှ တာဝန်ရှိသူ ၁ ဦးက “မော်ဆွေ၊ ယန်ဝူး၊ ကဒေါ့်ကောင်၊ မန်ကန်၊ ကျမ်းကား ရွာတွေက အိမ်ထောင်စု ၂၁ စု၊ နမ့်ခမ်းမြို့နယ်ထဲကပဲ။ NGOs တွေကကျတော့ ကျနော်တို့ထက် ပိုခက်ခဲတဲ့ နေရာတွေဘက်ပဲ ပို ကူညီထောက်ပံ့မှုတွေ လုပ်ရတော့မှာလေ” လို့ ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေအနေနဲ့ နှစ်ကြာလာတာနဲ့အမျှ ကူညီထောက်ပံ့မှု မရသလောက် ဖြစ်သွားတဲ့အပြင် လုပ်ကိုင်စားသောက်ဖို့ အခက်အခဲတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက မိမိတို့အစီအစဉ်နဲ့ နေရပ်ပြန်ဖို့ အများကြီး ပြင်ဆင်ထားခဲ့ပေမဲ့ အကြောင်းအမျိုးအမျိုးကြောင့် အခုမှ ပြန်နိုင်တာလို့ ဆိုပါတယ်။

အကူအညီပေးခဲ့သူတဦးက “သူတို့ ရှောင်လာတာက ၂၀၁၁ ကတည်းက ဟုတ်ပြီ။ အခုမတ်လထဲ ၁၂ နှစ်ထဲဝင်တာ သုံးလ ရှိပြီ။ အခု ကျန်နေတဲ့သူတွေလည်း ဗန်းမော်ဘက်ကလူတွေပဲ ရှိတော့တယ်။ ကျနော်တို့ မုံးမောဝ်ဇုန်နယ်က (ဒေသခံတွေ) တော့ ကုန်သွားသလောက်ဖြစ်သွားပြီ” လို့ ပြောပါတယ်။

နမ့်ခမ်းမြို့နယ်နဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ထဲက နမ့်ခမ်းမြို့ပေါ် တိုက်ပွဲရှောင်လာကြတာဖြစ်ပြီး လက်ရှိကျန်ရှိနေသေးတဲ့ စစ်ရှောင်တွေအနေနဲ့ လာမယ့် ဧပြီလ၊ မေလတွေထဲမှာလည်း နည်းနည်းချင်း၊ ဖြည်းဖြည်းချင်း နေရပ်ပြန်ကြဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ပွဲဖြစ်ပွားတာ မရှိတော့တာကြောင့် စိုးရိမ်ဖို့ မလိုတော့တာဖြစ်ပြီး နေရပ်ပြန်ဖို့ စီစဉ်ဆုံးဖြတ်ထားတာ ကြာပြီဖြစ်ပေမဲ့ အခက်အခဲအမျိုးမျိုးကြောင့် ကြန့်ကြာနေကြရတာဖြစ်ကာ နေရပ်ပြန်ဖို့ နှောင့်နှေးတာလည်း မိသားစု အခြေခိုင်၊ အထိုင်ကျအောင် ပြန်လည်ထူထောင်ဖို့ နောက်ကျစေတယ်လို့ ဆိုပါတယ်။

အဲဒီ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က တိုင်းရင်းသားလက်နက်ကိုင် KIA အဖွဲ့နဲ့ စစ်ကောင်စီတို့အကြား ကာလအတော်ကြာ တိုက်ပွဲပြင်းထန်ခဲ့လို့ တိမ်းရှောင်လာကြရတာဖြစ်ပြီး ၁၂ နှစ်ကြာမှ နေရပ်ပြန်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013