DVB Logo
Home
မြန်မာသတင်း
ဘုရားသုံးဆူမြို့တွင် အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး အသတ်ခံရ
DVB
·
March 15, 2023
ဘုရားသုံးဆူမြို့တွင် အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး အသတ်ခံရ
Donate to DVB

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အနီးရှိ ကြံတောကျေးရွာမှာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။

ကြံတောကျေးရွာနေ အသက် ၁၈ နှစ်အရွယ် မခိုင်သဇင်ထွေး(ခ)မမွန်ချမ်းဟာ ပြီးခဲ့တဲ့ မတ် ၁၂ ရက် မနက်ပိုင်းမှာ နေအိမ်ကနေ ဆိုင်ကယ်နဲ့ ထွက်သွားခဲ့ပေမယ့် ပြန်မရောက်လာဘူးလို့ ဆိုပါတယ်။

အဲဒီနောက် ပျောက်ဆုံးနေတဲ့ မခိုင်သဇင်ထွေး(ခ)မမွန်ချမ်းကို လိုက်လံရှာဖွေစဉ် မတ် ၁၃ ရက် ညနေ ၄ နာရီအချိန်လောက်က ကြံတောကျေးရွာ ရော်ဘာခြံတခုအနီးမှာ သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့တာပါ။

သေဆုံးသွားတဲ့ မခိုင်သဇင်ထွေးရဲ့ ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဘုရားသုံးဆူဆေးရုံကို ပို့ဆောင်ပေးထားပါတယ်။

ဒေသခံတွေအဆိုအရ မခိုင်သဇင်ထွေးဟာ သူရဲ့ ရည်းစားကောင်လေးဖြစ်သူနဲ့ သွားရောက် ချိန်းတွေ့စဉ် အသတ်ခံလိုက်ရပြီး ဆိုင်ကယ်ကိုပါ လုယူထွက်ပြေးသွားတယ်လို့ ဆိုကြပါတယ်။

အဲဒီနောက်မှာ မခိုင်သဇင်ထွေးရဲ့ ကောင်လေးဆိုသူဟာ ကြာအင်းဆိပ်ကြီးမြို့မရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့တဲ့အတွက် အမှုဖွင့်အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013