DVB Logo
Home
မြန်မာသတင်း
ရပ်စောက်မြို့နယ်တွင် မိုးသက်လေပြင်းနှင့်မိုးသီးကြွေသဖြင့် အိမ်ခြေ ၁၀၀ ကျော် ပျက်စီး
DVB
·
March 14, 2023
ရပ်စောက်မြို့နယ်တွင် မိုးသက်လေပြင်းနှင့်မိုးသီးကြွေသဖြင့် အိမ်ခြေ ၁၀၀ ကျော် ပျက်စီး
Donate to DVB

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာအုပ်စုထဲမှာ ဒီကနေ့မနက်စောစောက မိုးသက်လေပြင်းနဲ့မိုးသီးတွေ ကြွေကျပြီး အိမ်ခြေ ၁၀၀ ကျော်နဲ့ သီးပင်စားပင်တွေ အတော်များများ ပျက်စီးသွားခဲ့ပါတယ်။ 

ဒီကနေ့ မနက် ၂ နာရီ ၄၅ မိနစ်ကနေ ၃ နာရီခွဲထိ မိုးသက်လေပြင်းနဲ့ မိုးသီးတွေ ကြွေကျတာဖြစ်ပြီး အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ သူတို့ရွာမှာ အိမ်ခေါင်မိုးတွေ အတော်များများ ပျက်စီးသွားတာလို့  နောင်ဝိုးရွာသူကြီး ဦးစိုင်းဆောက ဒီဗွီဘီကို ပြောပါတယ်။ 

“ဒီကနေ့မနက်အစောကြီး မိုးမလင်းခင်မှာ လေတွေအရင်တိုက်လာတယ်၊ ပြီးတော့ မိုးသီးတွေကြွေတယ်၊ ပြီးတော့မှမိုးတွေရွာလာတယ်။ မိုးသီးတွေက အခုထိ (မနက် ၁၀ နာရီကျော်) ရှိနေတုန်းပဲ။ အပျက်အစီးက တော်တော်များပါတယ်။ အများအားဖြင့် အိမ်ခေါင်မိုးတွေပေါက်ကုန်တာ၊ လေနဲ့အတူလွင့်သွားတယ်။ ကျနော်တို့နောင်ဝိုးရွာထဲမှာ ရပ်ကွက် ၃ ခုရှိတယ်၊ အိမ်ခြေပေါင်း ၃၀၀ ကျော်တယ်ဆိုတော့ ပျက်စီးတာ ရာနဲ့ချီပါတယ်။ စာရင်းအတိအကျမရသေးဘူး၊ အခုစာရင်းကောက်နေတုန်းပါပဲ။ သီးနှံတွေလည်း ပျက်စီးတယ်။ သရက်သီးတွေ ၊ ငှက်ပျောသီးတွေ ဘာမှစားလို့မရတော့ဘူး၊ အကုန် လုံးကြွေကျပျက်စီးကုန်ပြီ၊ ဟင်းသီးဟင်းရွက်ပင်တွေလည်း ပါတာပေါ့။”

နောင်ဝိုးရွာအပြင် နောင်ဝိုးအုပ်စုထဲမှာရှိတဲ့ နားကတ်၊ ငဲ့စင် စတဲ့ရွာတွေလည်း လေပြင်းမိ တယ်ကြားပေမယ့် အပျက်အစီးမသိရကြောင်း၊ အဆိုပါလေပြင်းနဲ့ မိုးသီးမိုးပေါက်တွေဟာ မနက် ၁၀ နာရီလောက်မှာတော့ မိုင်းကိုင်မြို့နယ် ဖတ်ခဲမ်း နဲ့ ပန်ပေါ်ကျေးရွာတွေဘက် ရောက်သွားပြီလို့ သူကြီးက ပြောသွားပါတယ်။ 

နောင်ဝိုးရွာဟာ ရပ်စောက်နဲ့ အင်တောမြို့နယ်ခွဲကြားမှာရှိတဲ့ ရွာကြီးတရွာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013