DVB Logo
Home
မြန်မာသတင်း
တီးတိန်ဆေးရုံ၌ တပ်စွဲထားသည့် စစ်တပ်ကို PDF Zolandက တိုက်ခိုက်၊ လက်နက်နှင့် ပစ္စည်းများ သိမ်းပိုက်
DVB
·
March 13, 2023
တီးတိန်ဆေးရုံ၌ တပ်စွဲထားသည့် စစ်တပ်ကို PDF Zolandက တိုက်ခိုက်၊ လက်နက်နှင့် ပစ္စည်းများ သိမ်းပိုက်
1 / 3
Donate to DVB

ချင်းပြည်နယ်၊ တီးတိန်ဆေးရုံကြီးမှာ ဝင်ရောက် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ် PDF Zoland က မတ် ၁၂ ရက် ညဦးပိုင်းအချိန် ဝင်ရောက်တိုက်ရာ လက်နက်တွေနဲ့ တခြားအသုံးအဆောင် ပစ္စည်းတွေသိမ်းပိုက် ရရှိခဲ့တယ်လို့ PDF Zoland အဖွဲ့က ထုတ်ပြန်ပြောပါတယ်။

PDF Zoland အဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက “တိုက်ပွဲက ၁ နာရီ လောက်ကြာတယ်။ စစ်သားတွေ အဲဒီနေရာကနေ စွန့်ခွာထွက်ပြေးသွားကြပြီး လက်နက်၊ ဖုန်းနဲ့ တခြားပစ္စည်းတချို့ သိမ်းဆည်းရခဲ့တယ်။ တပ်စွဲထားတာ ၁၀ ယောက်လောက် ရှိတယ်။ တပ်စွဲကာလ ၄ လ ရှိပြီ။ တိုက်တာနဲ့ မီးအကုန်ပိတ်တိုက်တာ။ စစ် (-) ကျဆုံးဦးရေတော့ မသိရသေးဘူး။ စစ်‌‌ (-) ဘက်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသူ များနိုင်တယ်”လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ဒဏ်ရာရသူနဲ့ သေဆုံးသူရှိနိုင်ပြီး  ထိခိုက်အသေအပျောက်စာရင်းကို‌တော့ အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကတည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ 

စစ်ကောင်စီတပ်တွေဟာ တပ်ကုန်းဘက်ကနေ ဆေးရုံဘက်ကို လက်နက်ကြီးပစ်ခတ်လို့  ပြည်သူတယောက် ထိမှန်သွားပြီး   PDF ပြည်သူ့ကာကွယ်ရေးတပ်သားတွေကတော့ ဘေးကင်းလုံခြုံတယ်လို့ PDF Zoland အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေကို မကြာမကြာ လှမ်းပစ်ခတ်တာ။ ကားသမားတွေဆီကနေ ငွေ အတင်းအဓမ္မတောင်းတာ၊  ဆေးရုံတက်၊ ဆေးကုသမှုခံနေရတဲ့ လူနာတွေဆီကနေလည်း မိုဘိုင်ဖုန်းတွေခိုးယူ  အတင်းအဓမ္မ ငွေညှစ်တာတွေရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013