Home
မြန်မာသတင်း
ကလိန်အောင်မြို့တွင် အမျိုးသမီး ၂ ဦးကို စစ်တပ် ဖမ်းဆီး
DVB
·
March 12, 2023
335497432_151774837773688_6012258144531593698_n

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့မှာ မတ် ၉ ရက်က အသက် ၁၈ နှစ်ဝန်းကျင် အမျိုးသမီးငယ် ၂ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

အဖမ်းခံရတဲ့ အမျိုးသမီးတွေဟာ ကလိန်အောင်မြို့နယ်၊ နွယ်လီရွာ(ကျောက်ရှပ်ရွာခွဲ)က မသက်မြတ်နိုးနဲ့ ဇင်းဘာရွာက မကေသီသီလင်းတို့ ဖြစ်ပါတယ်။

ကလိန်အောင်မြို့၊ အမှတ် ၃ ရပ်ကွက်နေသူ တဦးက “တယောက်က ကလိန်အောင်မြို့အထွက် တံတားမှာ စောင့်ဖမ်းခံလိုက်ရတဲ့ပုံစံမျိုးပါ။ တံတားမှာက စစ်ဆေးတာတွေ သိပ်မလုပ်ဘူး။ ကားတွေဖြတ်ရင်သာ မျှောစာတွေ ဘာတွေ စစ်တာ။ နောက်တယောက်က ညပိုင်းမှ အိမ်မှာပဲ လာခေါ်သွားတာပါ“ လို့ ပြောပါတယ်။

အဲဒီအမျိုးသမီး ၂ ယောက်ကို လတ်တလော ကျောက်ရှပ်ရွာအခြေစိုက် အမှတ် ၄၁၀ ခြေမြန်တပ်ရင်းမှာ ခေါ်ယူစစ်ဆေးနေတယ်လို့သိရပါတယ်။ 

သူတို့ ၂ ဦး အဖမ်းခံခဲ့ရတဲ့အကြောင်းအရင်းကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို မတ် ၁၁ ရက် ညနေပိုင်းအထိ ပြန်လွတ်လာခြင်းမရှိသေးပါဘူး။

၂၀၂၂ ခုနှစ် သြဂုတ်လကလည်း ကလိန်အောင်မြို့ ၊ အမှတ် ၁ ရပ်ကွက်က အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတဦး  Kpay ကတဆင့် တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နေအိမ်မှာပဲ ဖမ်းခဲ့ပြီး ပုဒ်မ ၅၀ ည ၊ ၅၂ က တွေနဲ့ တရားစွဲခံရကာ ထောင် ၁၀ နှစ် ချခဲ့ ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024