DVB Logo
Home
မြန်မာသတင်း
Yangon Water Bus ခြိမ်းခြောက်စာ အပို့ခံရသဖြင့် ခေတ္တရပ်နားမည်ဟု ကြေညာ
DVB
·
March 10, 2023
Yangon Water Bus ခြိမ်းခြောက်စာ အပို့ခံရသဖြင့် ခေတ္တရပ်နားမည်ဟု ကြေညာ
Donate to DVB

ရန်ကုန်မြစ်တလျှောက် ပြေးဆွဲနေတဲ့ ခရီးသည်ပို့ဆောင်ရေး ရေယာဉ်လုပ်ငန်းဖြစ်တဲ့ Yangon Water Bus ဟာ လုံခြုံရေးအခြေအနေအရ ခေတ္တရပ်နားတော့မယ်လို့ မတ်လ ၉ ရက် မနက်က လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Yangon Water Bus ရုံးချုပ်ပိုင်ကားတွေနဲ့ စီအီးအိုဖြစ်သူရဲ့ ကားပေါ်မှာ ဘယ်သူက ပို့ဆောင်နေမှန်းမသိရတဲ့ ခြိမ်းခြောက်စာ ၃ စောင် ရရှိထားတာကြောင့် YWB ကို စီးနင်းကြတဲ့ ခရီးသည်တွေနဲ့ ဝန်ထမ်းတွေ လုံခြုံရေးအတွက် အခြေအနေအရ ခေတ္တရပ်နားရတာဖြစ်ပြီး လုံခြုံရေးကိစ္စရပ်တွေ လုပ်ဆောင်ပြီးပါက ပြန်ဖွင့်လှစ်မယ်လို့ သိရပါတယ်။

Yangon Water Bus တွေဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာလကတည်းက ရန်ကုန်ရှိ ဗိုလ်တထောင်ဆိပ်ကမ်းကနေ နန်းသီတာ(ပန်းဆိုးတန်း)၊ လသာ၊ ကြည့်မြင်တိုင်၊ ပန်းလှိုင်၊ ဘုရင်‌နောင်(လှိုင်)၊ အင်းစိန် စတဲ့ ဆိပ်ကမ်းတွေအပါအဝင် ‌၂၀၂၀ ခုနှစ်က စတင်ပြီး ရေလယ်ကျောက်တန်းဘုရားဖူး၊ တွံ့တေးမြို့အလည်အပတ် စတဲ့ခရီးစဉ်တွေပါ ထည့်သွင်း ပြေးဆွဲနေတာပါ။

အခုလို ခြိမ်းခြောက်စာတွေ မရခင်က စစ်ကောင်စီပိုင်သတင်းစာတွေ‌မှာ Yangon Water Bus ကို ရည်ရွယ်တဲ့ အများသိစေရန်ကြော်ငြာတွေကို အမည်အမျိုးမျိုးနဲ့ အကြိမ်ကြိမ် ထည့်သွင်းဖော်ပြခံရပြီး အမှုဖွင့်တာတွေကို လုပ်ဆောင်နေတဲ့အတွက် YWB ဘက်က စမ်းချောင်းရဲစခန်းမှာ သက်သေတွေနဲ့ ဖြေရှင်းထားရတယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ Yangon Water Bus ကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဝန်ထမ်းတွေအနေနဲ့ ပြောပိုင်ခွင့်မရလို့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပါ ကြေညာချက်အတိုင်းပဲ ဖြစ်တယ်လို့ ပြောပါတယ်။

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်ကလည်း Yangon Water Bus ကို ပြေး‌ဆွဲနေတဲ့ တင့်တင့်မြန်မာကုမ္ပဏီကို ဒီဇယ်ရောင်းဝယ်ရေးလုပ်ငန်းတခုက ဒီဇယ်ဖိုး သိန်း ၇၀၀ ကျော် ပြန်ရလိုမှုနဲ့ နိုင်ငံပိုင်အစိုးရသတင်းစာတခုမှာ ထည့်သွင်းဖော်ပြခံခဲ့ရပြီး ပြေးဆွဲနေတဲ့ ခရီးစဉ်တချို့ ရပ်နားထားခဲ့ရဖူးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013